မြန်မာ Esports အဖွဲ့အစည်း Yangon Galacticos ရဲ့ Dota 2 ကစားသမား ZawRain ဟာ 9K MMR ကို ရောက်ရှိခဲ့တဲ့ ပထမဆုံးမြန်မာကစားသမားဖြစ်လာခဲ့ပါတယ်။

      မြန်မာ Esports အဖွဲ့အစည်း Yangon Galacticos ရဲ့ Dota 2 ကစားသမား ZawRain ဟာ 9K MMR ကို ရောက်ရှိခဲ့တဲ့ ပထမဆုံးမြန်မာကစားသမားဖြစ်လာခဲ့ပါတယ်။

         မြန်မာကစားသမားတွေထဲမှာ 8K MMR ကျော်တဲ့ ကစားသမားကောင်းတွေ အများအပြားရှိပေမယ့် YG အသင်းရဲ့ Core Player တစ်ဦးဖြစ်တဲ့ ZawRain ကတော့ ပထမဆုံး 9K MMR ကို တက်လှမ်းနိုင်ခဲ့သူဖြစ်လာခဲ့ပါတယ်။ Dota2 ဂိမ်းရဲ့ Rank System မှာ MMR ရမှတ်နဲ့ ခွဲခြားထားပြီး 9K(9000) MMR ကျော်တယ်ဆိုတာ ကစားသမားတစ်ဦးရဲ့ ထင်ရှားတဲ့ အောင်မြင်မှုမိုင်တိုင်တစ်ခုပါ။




         YG အသင်းက သတင်းထုတ်ပြန်စဉ်မှာ ZawRain ဟာ SEA ဒေသအတွက် Dota2 Leaderboard မှာ အဆင့် ၂၁ ရှိနေခဲ့ပေမယ့် နောက်တစ်နေ့မှာတော့ အဆင့် ၂၀ ထိ ရောက်ရှိနေတာကို တွေ့ရပါတယ်။

         ကမ္ဘာပေါ်မှာ 9K MMR အရင်ဆုံးပြည့်ခဲ့တာက နာမည်အကြီးဆုံးကစားသမားတစ်ဦးဖြစ်တဲ့ Miracle- ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ Liquid အသင်းကို ပြောင်းခါစက Epicenter ပြိုင်ပွဲကို ယှဉ်ပြိုင်နေတုန်း 9K MMR ကို ရောက်ရှိခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ Dota2 ကစားသမားတွေဟာ ဒီအောင်မြင်မှုကို ပိုမက်မောလာကြပြီး Leaderboard မှာ ယှဉ်ပြိုင်မှု ပိုများလာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က