ဒီဇိုင်းဗေဒဆန်းသစ်လာတဲ့ Vivo ဖုန်းသစ်များ

Vivo ရဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ V23 / V23 Pro ဖုန်းသစ်တွေကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

သတ္ထုနဲ့ မှန်စပ်ထားပြီး တိုက်ရိုက်နေ‌ရောင်အောက်မှာ ၅ မိနစ်လောက် ထားချိန်မှာ ကာလာပြောင်းနိုင်တဲ့ Vivo ဖုန်းတွေအဖြစ် မြင်ရတာပါ။ Vivo V23 ဟာ လေးထောင့်စပ်စပ် ဘေးဘောင် Flat Side နဲ့ လာပြီး Pro ‌မော်ဒယ်မှာ နှစ်ဘက်ခုံး မှန်ကွေးဒီဇိုင်းနဲ့လာပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ ကာလာမျိုးစုံပြောင်းနိုင်တဲ့ Vivo ထုတ် Fluorite AG Glass လို့ ခေါ်တဲ့ မှန်တစ်မျိုးသုံးထားပြီး Stardust Black နဲ့ Sunshine Gold နှစ်ရောင်နဲ့ ထွက်ထားပါတယ်။ 



Photo: GSMArena

ရှေ့နောက်မှန်အခုံးနဲ့ လာတဲ့ Vivo V23 Pro ဟာ ၆.၅၆ လက်မ 1080p AMOLED Display နဲ့လာပြီး 90Hz Refresh Rate ပါရှိပါတယ်။ 5G ကွန်ရက်ချိတ်ဆက်နိုင်မယ့် MediaTek Dimensity 1200 SoC နဲ့အတူ RAM 8GB/12GB နှစ်မျိုး ထွက်ပါတယ်။ Storage ကိုတော့ 128GB နဲ့ 256GB ဗားရှင်းတွေ ရွေးချယ်နိုင်မှာပါ။ ဘက်ထရီပါဝါ 4300mAh ဟာ 44W Charging အထိ ပံ့ပိုးလာပါတယ်။ ရှေ့ဘက် notch အသေးထဲမှာ နှစ်လုံးတွဲဆယ်လ်ဖီကင်မရာနဲ့ ကျောဘက်ကင်မရာ ၃ လုံး ပါရှိတာကြောင့် Vivo V23 Pro မှာ စုစုပေါင်း ကင်မရာ ၅ လုံး သုံးထားတယ်လို့ ဆိုရမှာပါ။ 

ရှေ့ဘက်ကင်မရာတွေအနေနဲ့ မျက်စိရဲ့အမြင်အတိုင်း Autofocus လုပ်နိုင်တဲ့ 50MP Wide Camera နဲ့ 8MP Ultrawide ကင်မရာတို့ ပါဝင်ပါတယ်။ ကျောဘက်မှာ 108MP Main ကင်မရာ ၊ 8MP Ultrawide နဲ့ 2MP Macro Lens တို့ သုံးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ Funtouch OS 12 နဲ့ လာပါတယ်။ ရိုးရိုး Vivo V23 မှာလည်း 90Hz ပဲ သုံးထားပြီး ၆.၄၄ လက်မ 90Hz AMOLED Display နဲ့ ထွက်လာပါတယ်။

ဘက်ထရီပါဝါကိုလည်း ပိုသေးတဲ့ 4200mAh သုံးထားပါတယ်။ ဘက်ထရီပါဝါလျှော့ထားပေမယ့် Fast Charging ပိုင်းမှာတော့ Pro မော်ဒယ်လိုပဲ 44W Charging Support ပေးထားပါတယ်။ Chipset ပိုင်းမှာ MediaTek Dimensity 920 5G Chipset နဲ့ လာပြီး RAM/Storage အနေနဲ့ Pro မော်ဒယ်အတိုင်း 8/128GB နဲ့ 12/256GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။ 

Photo: The Verge

ရှေ့ ဆယ်လ်ဖီကင်မရာဟာ Vivo V23 Pro နဲ့ အတူတူပဲ ဖြစ်ပြီး ကျောဘက်မှာတော့ Main Camera ကို 108MP sensor အစား 50MP Sensor ပြောင်းသုံးထားတာပဲ ကွဲပြားမှု ရှိပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ Under-Display လက်ဗွေလုံခြုံရေးနည်းပညာသုံးထားပါတယ်။ Vivo V23 (8/128GB) ကို ရူပီး ၂၉၉၉၀ (မြန်မာငွေ ၇ သိန်းကျော်) နဲ့ 12/256GB မော်ဒယ်ကို ရူပီး ၃၄၉၉၀ (မြန်မာငွေ ၈ သိန်းခွဲနီးပါး) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 

Vivo V23 Pro ကိုတော့ ရူပီး ၃၈၉၉၀ (မြန်မာငွေ ၉ သိန်းခွဲနီးပါး) နဲ့ ရူပီး ၄၃၉၉၀ (မြန်မာငွေ ၁၀ သိန်းခွဲခန့်) ဈေးသတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က