မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉ (က) နဲ့တရားစွဲဆိုထားတဲ့ သရုပ်ဆောင်မိုးအောင်ရင်ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ပါတယ်။
Photo - မိုးအောင်ရင် Facebook
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း ပုဇွန်တောင်တရားရုံးကနေ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုတွေအတွက် အလုပ်နဲ့ ထောင်ဒဏ် ၅နှစ်ကျခံဖို့ အမိန့်ချထားတာဖြစ်လို့ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ကျခံရမှာဖြစ်ပါတယ်။
မိုးအောင်ရင်ဟာ မူးယစ်ပုဒ်မတွေဖြစ်တဲ့ ၁၅၊ ၁၆ (ဂ) နဲ့ ၁၉ (က) တို့နဲ့ မြို့နယ်နဲ့ ခရိုင်တရားရုံးတို့မှာ တပြိုင်ထဲ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် မိုးအောင်ရင်နဲ့ အတူ ဖမ်းဆီးခံထားရတဲ့ ဘုန်းမြင့်အောင်ကို မူးယစ်ဆေးဝါးဥပဒေပုဒ်မ-၁၉(က)/၁၅ နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲရပြီး လူလူသန်းဦးကိုတာ့ မူးယစ်ဆေးဝါးဥပဒေပုဒ်မ- ၁၅ နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ပုဇွန်တောင်မြို့နယ်ရှိ သူ့ရဲ့ရည်စားဖြစ်သူ နေအိမ်မှာ အိုက်စ်မူးယစ် ဆေးဝါး ၁ ဂရမ်နှင့် အတူ ရဲတပ်ဖွဲ့မဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။