Realme ကတော့ အဝေးဆွဲအားကောင်းတဲ့ periscoper zoom lens ပါ စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။
သတင်းတွေအရ Realme X3 စီးရီးကနေ Realme X3 SuperZoom ဟာ 60x zoom ပံ့ပိုးမှု ပါရှိမယ်လို့ ဖော်ပြထားပါတယ်။ Realme X3 SuperZoom မှာ ပါတဲ့ 60x zoom feature ကို Starry Mode လို့ ခေါ်ဖို့ ရှိပါတယ်။ ဒီကင်မရာ mode ဟာ နဂါးငွေ့တန်းရိုက်ချက် Milky Way shots တွေ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။
Photo: GSMArena
Realme X3 SuperZoom ဟာ high end ဖုန်းတစ်လုံးအနေနဲ့ ထွက်လာဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲက GeekBench မှာ တက်လာတဲ့ အချက်အလက်တွေအရ ဆိုရင် Realme X3 SuperZoom ဟာ RAM 12GB ၊ Snapdragon 855/855+ SoC သုံးဖို့ ရှိတယ်လို့ ဆိုပါတယ်။ Bluetooth SIG အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရထားတဲ့ ဒီဖုန်းဟာ Android 10 OS နဲ့ လာမှာပါ။
တစ်ခြားအချက်အလက်တွေ မသိရသေးပေမယ့် ဘက်ထရီပါဝါ 4200 mAh ဟာ 30W Fast charging ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။ Realme X3 Pro ဖုန်းကတော့ Snapdragon 865 SoC သုံးသွားဖို့ ရှိပါတယ်။ လောလောဆယ်မှာတော့ ဒီဖုန်းတွေရဲ့ ကင်မရာစနစ် ၊ ဒီဇိုင်းနဲ့ တစ်ခြား features တွေအကြောင်း မသိရသေးပါဘူး။
Realme ဟာ တန်ဖိုးသင့် high-end နဲ့ mid-range ဖုန်းတွေ ထုတ်နေတဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်လို့ Realme X3 SuperZoom မော်ဒယ်ဟာလည်း တန်ဖိုးသင့်တင့်မယ်လို့ ယူဆရပါတယ်။ 60x zoom ရိုက်နိုင်တဲ့ Realme X3 စီးရီး တရားဝင်မိတ်ဆက်ပွဲကလည်း စိတ်လှုပ်ရှားစရာဖြစ်လာပါလိမ့်မယ်။