သက်မွန်မြင့်က သားနဲ့ သမီးလေးတို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ရတာက သူမအတွက် ပျော်စရာကောင်းတယ်လို့ ဆိုပါတယ်။ အားချစ် နဲ့ လဝန်း တို့ကတော့ သက်မွန်အတွက် အားကိုးစရာကောင်း၊ ချစ်ဖို့ကောင်းလွန်းတဲ့ သားနဲ့ သမီးပါ။
Photo: Thet Mon Myint
သက်မွန်မြင့်ဟာ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အဆက်မပြတ်ဆောင်ရွက်နေရသူဖြစ်ပါတယ်။ အနားယူတဲ့ အချိန်ကိုတော့ သားသမီး နှစ်ယောက်နဲ့ အတူ ဖြတ်သန်းရတဲ့အချိန်က သူမအတွက် အပျော်ရွှင်ဆုံးပါပဲတဲ့။
‘’အလွန် အပြစ်ကင်းဖြူစင်လွန်းသော ချစ်စဖွယ် ကလောင်နှစ်ကေးနဲ့ ဖြတ်သန်းရတဲ့ အချိန်တွေ တကယ်ကြည်နူးပြီး ပျော်စရာကောင်းလွန်းတယ်။ သူတို့လေးတွေ လူကြီးဖြစ်မှာတောင် ကြောက်တယ်။ သူတို့ အချစ်တွေ အပြောတွေ အကြင်နာတွေ အိုးးးအို ဒီအရွယ်လေး’’ ဆိုပြီးတော့ ဇွန်လ ၅ ရက်နေ့ မနက် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သားအမိ သုံးယောက် အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။
Photo: Thet Mon Myint
သက်မွန်မြင့်ဟာ ချစ်စရာကောင်းတဲ့ သားကြီး အားချစ်နဲ့ သမီးငယ်လေး လဝန်းမေ တို့ကို ပိုင်ဆိုင်ထားတဲ့ မေမေ ဖြစ်ပါတယ်။ အားချစ်ကတော့ အခုချိန်မှာ မူကြိုတက်တဲ့ အရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။ သမီးငယ်လေး လဝန်းမေ ကတော့ အသက် ၂ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ချစ်စရာလည်းကောင်းပြီး လည်လွန်းတတ်လွန်းကြတဲ့ ကလေးလေး နှစ်ယောက်ဖြစ်ပါတယ်။
Photo: Thet Mon Myint
သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သက်မွန်မြင့်က မကြာခဏဆိုသလို သားနဲ့ သမီးတို့ရဲ့ လည်လွန်း၊ တတ်လွန်းတဲ့ အကြောင်းတွေကို ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးလေ့ရှိသလို မီဒီယာ အင်တာဗျူးတွေမှာလည်း ဖြေဆိုလေ့ရှိပါတယ်။ မေမေ သက်မွန်မြင့်ကို ချစ်ကြတဲ့ ပရိသတ်တွေ ကလည်း သားကြီး အားချစ်နဲ့ သမီးငယ် လဝန်းတို့ အပေါ်မှာလည်း အချစ်ပိုလို့နေပါတယ်။