ယနေ့ည ဂျန့်ခ်နဲဲ့ပွဲစဉ်အပြီးမှာ နာပိုလီကို အန်းဖီးမှာ လက်ခံယှဉ်ပြိုင်ရမှာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ယနေ့ည ဂျန့်ခ်အသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲစဉ်မတိုင်မီ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ကြီးမားတဲ့ခြေလှမ်းလှမ်းကြဖို့ တောင်းဆိုခဲ့ကြောင်း Daily Star က ဖော်ပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဂျန့်ခ်အသင်းကို အနိုင်ရရှိပြီး ယခုလနှောင်းပိုင်းမှာ နာပိုလီအသင်းကို အိမ်ကွင်းမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ သေချာသွားးမယ်ဆိုတာကို သိရှိနေတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုုအဖွင့်ပွဲစဉ်မှာ နာပိုလီအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဂျန့်ခ်နဲ့ ဆဲဘတ်တို့ ၂ သင်းစလုံးကို အနိုင်ရရှိခဲ့တာကြောင့် နောက်တဆင့်တက်ရောက်နိုင်မယ့် အခွင့်အရေး ပြန်လည်ရှင်သန်လာခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ ဂျန့်ခ်နဲ့ နာပိုလီအသင်းတို့ကို အနိုင်ကစားထားနိုင်ခဲ့မယ်ဆိုရင် ကလပ်ကမ္ဘာ့ဖလားနဲ့ ပွဲကြပ်ကာလတွေ ရှုပ်ထွေးနေတဲ့ ဒီဇင်ဘာလမှာ ဆဲဘတ်နဲ့ကစားရမယ့်ပွဲစဉ်အတွက် ရလဒ်ကို ထည့်တွက်စရာလိုတော့မှာမဟုတ်ပါဘူး။



“ကျွန်တော်တို့ ကြီးမားတဲ့ခြေလှမ်းကို လှမ်းရပါမယ်”

“ကျွန်တော်တု်ိ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ဘယ်အသင်းနဲ့ပဲကစားကစား အနိုင်ရရှိအောင် အစွမ်းကုန်ကြိုးပမ်းသွားမှာပါ။ ကျွန်တော်တို့ နာပိုလီနဲ့ နောက်ထပ်အိမ်ကွင်းပွဲစဉ်တစ်ပွဲအဖြစ် ကစားဖို့ရှိနေပြီး အချိန်ဖြုန်းနေလို့မရတော့ပါဘူး”

“ကျွန်တော်တု်ိ့ နာပိုလီနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ သာမန်ထက်ကို ခြေစွမ်းနိမ့်ကျနေခဲ့ပေမယ့် အစအတွက်ဆိုရင် အဲဒီပွဲစဉ်က အခက်ခဲဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်”

“အခုအချိန်မှာ ကျွန်တော်တို့ အခြေအနေကို စီမံခန့်ခွဲရတော့မှာဖြစ်ပြီး နောက်ထပ်ခြေလှမ်းကို လှမ်းရပါမယ်။ ဒါ ကျွန်တော်တို့ လုပ်နိုင်တာအကုန်ပဲ။ အဲဒီထက်လည်း မပိုသလို အဲဒီထက်လည်း မနည်းပါဘူး”

“ကျွန်တော်တို့ ဆဲဘတ်အိမ်ကွင်းကို သွားကစားတဲ့အခါမှာ ခက်ခဲပါလိမ့်မယ်။ အိမ်ကွင်းမှာ နာပိုလီနဲ့ကစားရမှာလည်း ခက်ခဲပါလိမ့်မယ်”လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Share

က္က