ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိနေပါတယ်။

စင်ရော်မောင်မောင်ဟာ ထိုင်းနိုင်ငံ Sanam Luang Pavilion မှာ ပြုလုပ်မယ့် ဗုဒ္ဓဘာသာဝင်များ၏ နှစ်သစ်အကြိုဆုတောင်းမေတ္တာပို့သခြင်းအခမ်းအနားအတွက် ဘန်ကောက်မြို့ကို ရောက်ရှိလို့နေပါတယ်

Photo: စင်ရော်မောင်မောင်

ဒါရိုက်တာ စင်ရော်မောင်မောင်က လက်ရှိမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ သံဃာ နာ ယ က ဥက္ကဌ ဗန်းမော် ဆရာတော်ကြီး ဦးဆောင်တဲ့ သံဃာတော် အဖွဲ့တွေနဲ့ အတူ ဘာသာ၊ သာသနာအကျိုးတွေ သယ်ပိုးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

'' ဘဝရဲ့ အထင်ကရ မှတ်တမ်း အချိန်အခါ သံဃာ နာ ယ က ဥက္ကဌ ဗန်းမော် ဆရာတော်ကြီးရဲ့ မေတ္တာဓါတ်ခံယူလျက်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက် ၉ နာရီ ၅၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ဗန်းမော် ဆရာတော်ကြီးကို ဦးခိုက်ပူဇော်နေတဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။

 


Photo: စင်ရော်မောင်မောင်

စင်ရော်မောင်မောင်က ထိုင်းနိုင်ငံ Sanam Luang Pavilion တွင် ကျင်းပပြုလုပ်မည့် The New Year's Eve Chanting & Meditation for Happiness in 2019 (ဗုဒ္ဓဘာသာဝင်များ၏ နှစ်သစ်အကြိုဆုတောင်းမေတ္တာပို့သခြင်းအခမ်းအနား)အတွက် ဘန်ကောက်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

 

Photo: စင်ရော်မောင်မောင်

ဒီအခမ်းအနားမှာလည်း နိုင်ငံတော် သံဃနဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဦးဆောင်သော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး(၁၆)ပါး၊ ဗဟိုဝန်ဆောင်ဆရာတော်များ၊ တိပိဋကဆရာတော်များ၊ မြို့နယ်သံဃနာယကဆရာတော်များအပါအဝင် သံဃာတော်စုစုပေါင်း(၃၁)ပါးတို့က ဆုတောင်း မေတ္တာပို့သပေးခဲ့ကြ တာ ဖြစ်ပါတယ်.


Photo: စင်ရော်မောင်မောင်

ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင် တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြားတောင် ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု ရရှိခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင် ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။

Share

Loading Next Article...
က္က