အကြမ်းဖမ်မှုတွေကြောင့်လို့ဆိုပါတယ်။

 အကြမ်းဖက်မှုများ အပါအဝင် ပြည်တွင်းအခြေအနေကို တင်းမာစေတာကြောင့် ရက္ခိုင့်တပ်မတော် (AA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို Facebook မှ ပိတ်သိမ်းကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Photo: Facebook

Facebook Newsroom မှ ဖေဖော်ဝါရီ ၅ ရက်နေ့ရက်စွဲပါ ထုတ်ပြန်ချက်အရ အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ဆက်စပ်တဲ့ Groups များ အပြင် အားပေးထောက်ခံမှုများကိုလည်း ဖယ်ရှားသွားမယ်လို့ဖော်ပြထားပါတယ်။ Facebook ဟာ Offline Harm အန္တရာယ်ကို တားဆီးဖို့အတွက် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများမှာ ပါဝင်လှုပ်ရှားသူများ၊ လူအစုလိုက်သတ်ဖြတ်မှု၊ ကွင်းဆက်လူသတ်မှုများ၊ လူကုန်ကူးမှု၊ အကွက်ချ စီစဉ်ထားတဲ့ အကြမ်းဖက်ရာဇဝတ်မှုများမှာ ပါဝင်ပတ်သက်သူတွေကို ဖယ်ရှားသွားမယ်လို့ကြေညာထားပါတယ်။

AA အပါအဝင် ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့ကို ဖယ်ရှားရာမှာ ထိုအဖွဲ့အစည်းတွေဟာ မြန်မာနိုုင်ငံအတွင်း အကြမ်းဖက်မှုများမှာ ပါဝင်နေပြီး အများပြည်သူအတွက် အန္တရာယ်ရှိတဲ့ တရားခံများဖြစ်ကြောင်း အထောက်အထားတွေကြောင့် ပိတ်ပင်တားမြစ်တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Facebook ဟာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ ကာကွယ်ရေးမှာ အာရုံစိုက်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောကြားထားပြီး ပြည်တွင်းလူမှုကွန်ရက်သုံးစွဲသူများအကြား အမုန်းတရားနဲ့အန္တရာယ်ရှိ contents များ စောင့်ကြည့်ဖို့မြန်မာစကားကျွမ်းကျင်သူ ၉၉ ဦး ခန့်အပ်ထားသလို AI Tools တွေနဲ့လည်း စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူ ဦးရေဟာ အကြမ်းဖျင်း သန်း ၂၀ ခန့်ရှိပြီး ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း followers ၁.၃ သန်းကျော် ရှိထားတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၂၀ ကို ပိတ်သိမ်းအရေးယူခဲ့ပါတယ်။

aနာက်ဆက်တွဲ အရေးယူမှုအနေနဲ့အောက်တိုဘာ ၁၅ ရက်နေ့ကလည်း Facebook ဟာ မြန်မာစစ်တပ်နဲ့ဆက်စပ်နေတဲ့ သတင်း၊ အလှအပရေးရာနဲ့ဖျော်ဖြေရေး pages တွေကို ပိတ်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလယ်ကလည်း မြန်မာစစ်တပ်နဲ့ဆက်စပ်မှုရှိတဲ့ page ၄၀၀ ကျော် ဖယ်ရှားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီ ၄ ရက်မှာ စတင်ခဲ့တဲ့ Facebook ဟာ ယခုအခါမှာ ၁၅ နှစ်သက်တမ်းပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က