Roar Kyaw လေးတစ်ယောက် စကားတွေ အရမ်းတတ်နေပြီ။

ဆုပန်ထွာက အသက် ၂ နှစ်ခွဲတောင် မပြည့်သေးတဲ့ သားလေး Roar Kyaw ရဲ့ လည်လွန်း တတ်လွန်းတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဆိုရင် မင်္ဂလာသက်တမ်း၄ နှစ်ပြည့်ပါပြီ။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

သရုပ်ဆောင် ဆုပန်ထွာရဲ့ သားလေး Roar Kyaw ဟာ အသက် ၂ နှစ်ကျော်သာ ရှိပါသေးတယ်။ ချစ်စရာကောင်းတဲ့ ကလေးလေး တစ်ယောက်လည်းဖြစ်သလို စကားတွေလည်း အရမ်းတတ်တဲ့ အကြောင်းကို မေမေ ဆုပန်ထွာက အခုလို ပြောပြထားပါတယ်။

‘’2 နှစ်နဲ့ ၅လမပြည့်သေးဘူး စကားပြောတာ တစ်ခါတလေ ကိုယ်မပြောတာတွေသူပြောတယ်။ သူပြောတာလေးတွေ တခါတလေ သားဘာပြောလိုက်တာဆိုပြီးအံ့သြရတာ ရီရတာအမော ဒီအမေက သူ့ကိုနို့ဗူးဖျော်ပေးတာနည်းလို့တဲ့။ "မားမားရယ် ဗူးဗူးအကြီးကြီးပဲဖျော်ပေးပါလား Roar Roar ကို" တဲ့။

"မီနီယမ်က မျက်လုံးမကောင်းရှာဘူး" ဟယ်...ဘာဖြစ်လို့လဲ သားရယ်ဆို တော့ "သူကအာ့ ကြောင့်ပြူး နေရတာ လေ မားမားရဲ့"တဲ့။ ဟိုနေ့ကအာလူးကြော ် ကြော်ကျွေးတာကို"အရသာရှိ လိုက်တာနော်" တဲ့။ ဟင်...Roar Roar ဘာပြောတာလို့အံ့သြ ပြီးမေးတော့"အရသာရှိတယ်လေ မားမား" ရဲ့တဲ့ ဪ.... အေးအေး လို့ ။မားမားသီချင်းသွားဆိုရင် Roar Roar လည်းလိုက်မယ်။ သားပင်ပန်းမှာပေါ့ဘာလို့လိုက်မှာလဲ! Roar Roar လည်းသီချင်းဆိုချင်လို့။ မအေကို အသည်းတွေ ယားလိုက်တာနော်...တဲ့ သူက’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

Photo: ဆုပန်ထွာ ဖေ့စ်ဘွတ်

အဲဒီနောက် သားလေးရဲ့ လည်လွန်းတတ်လွန်းတဲ့ စကားလေးတွေ ကိုလည်း ဆုပန်ထွာက သေသေချာချာ ရေးမှတ်ပြီး သိမ်းထား တတ်တယ်လို့ ဆိုပါတယ်။

‘’ကိုယ်သူပြောတာလေးတွေရယ်ချင်လာတဲ့အခါ Notes မှာသူ့စကားလေးတွေမှတ်မှတ်ထားမိတာလေးတေ! မားမားတုန်နေအောင်ချစ်တယ်သားလေးရယ်’’ ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့တာပါ။

Photo: Amazing Grace

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်အတွက်မှာ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ သူတို့ရဲ့ မင်္ဂလာသက်တမ်း၄ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေကြပြီဖြစ်ပါတယ်။ 

Photo: ဖြိုးမိုးသိဂီၤ

ဆုပန်ထွာ(Su Pan Htwar)ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူ တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က