ရေဆက်ပြီး ကြီးနိုင်သေးတယ်။

ဘားအံနဲ့ မဒေါက် မြို့အပါအဝင် မြို့လေးမြို့မှာ မြစ်ရေ စိုးရိမ်ရေမှတ်အထက် မှာရှိနေဆဲ ဘားအံ၊ မဒေါက်၊ မင်းကင်းနဲ့ သာပေါင်းမြို့နယ်တို့မှာ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

38496381_216704899014714_5928362217870196736_n.jpg

ချင်းတွင်း မြစ်ရေပြ Infogram

 

လက်ရှိမှာ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၃)ပေခွဲ ခန့် ၊ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ ၃ ပေခန့် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်းတော့ ၂ ပေခွဲလောက် ကျဆင်းနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်တော့ ဆက်ရှိနေဦးမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ချင်းတွင်းမြစ်ရေကတော့ မင်းကင်းမြို့မှာ ပေဝက်ခန့် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်းတော့ ၂ ပေခွဲလောက် ဆက်တက်နေဦးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ငဝန်မြစ်ရေကတော့ သာပေါင်းမြို့မှာ ၂ လက်မခန့် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်းဆက်ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

“အခုကတော့ စစ်တောင်းမြစ်မဒေါက်နဲ့ သံလွင်မြစ်မှာ စိုးရိမ်ရေမှတ်အထက်ကျော်နေဆဲပဲပေါ့။ ရေကတော့ နည်းနည်းကျနေတယ်။ နောက်နှစ်ရက်အတွင်း ၁ ပေခွဲတတ်နိုင်တယ်။ မုံရွာ၊မင်းကင်း နဲ့ ကလေးဝတို့မှာလည်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တဲ့ အနေအထားရှိတယ်။ ကလေးဝအောက်ပိုင်းစခန်းတွေက သတိပြုဖို့လိုအပ်တယ်။” လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောပါတယ်။

မြစ်ရေကြီးမှုကြောင့် အဲဒီမြို့တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မိုးကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံ ဒေသအများစုမှာ ရေဘေးကြုံတွေခဲ့ရပြီး မြို့နယ် ပေါင်း ၁၈ မြို့နယ်မှာ လူသိန်းနဲ့ချီ ရေဘေးရှောင်ခဲ့ရသလို ၁၇ ဦးထက် မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က