လာမယ့်နွေရာသီမှာ ခေါ်ယူသွားမှာပါ။

ဘာစီလိုနာကတော့ ဂျူဗင်တပ်စ်အသင်းရဲ့ ငွေကြေးအမြောက်အမြားနဲ့ ကမ်းလှမ်းမှုအပေါ်မှာ စိတ်အားထက်သန်မှုအပြည့်အဝရှိနေတယ်လို့ ဆိုပါတယ်။ 


အပြောင်းအရွှေ့စျေးကွက်ပြန်လည်ဖွင့်လှစ်ချိန်မှာ ဘာစီလိုနာကွင်းလယ်လူအာသာကို ပေါင် ၇၂.၅ သန်းနဲ့ ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်အသင်းဟာ ကလပ်အသင်းချင်း သဘောတူညီမှုရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ နူးကမ့်ကလပ်ကို ပေါင် ၂၈သန်းနဲ့ ရောက်ရှိခဲ့တဲ့ အာသာဟာ ဘာစီလိုနာအတွက် ၂ရာသီအတွင်း ပွဲပေါင်း ၇၀ အထိ ကစားပေးခဲ့ပြီးဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း Sky Sports ရဲ့ ဖော်ပြချက်အရ ကစားသမားကတော့ နူးကမ့်မှာသာ ဆက်လက်ကစားဖို့ဆန္ဒရှိနေပြီး သူ့အတွက်နေရာရအောင် တိုက်ပွဲဝင်ချင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာကတော့ ဂျူဗင်တပ်စ်အသင်းရဲ့ ငွေကြေးအမြောက်အမြားနဲ့ ကမ်းလှမ်းမှုအပေါ်မှာ စိတ်အားထက်သန်မှုအပြည့်အဝရှိနေတယ်လို့ ဆိုပါတယ်။ 

ဂျူဗီနည်းပြဆာရီက သူ့အသင်းကို အာသာနဲ့ ပေါင်းစပ်တည်ဆောက်ချင်နေပြီးတော့ မြင့်မားတဲ့လုပ်ခလစာငွေနဲ့ပါ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အာသာအနေနဲ့ ဂျူဗီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါက တစ်နှစ်ခလုပ်ခ ပေါင် ၄.၅သန်းအထိ ရရှိမယ်လို့ သိရပြီး ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုနဲ့ တွဲဖက်ကစားရမှာလည်း ဖြစ်လို့ သူ့ရဲ့ဘဝမှာ မက်ဆီ၊ ရော်နယ်ဒိုတို့နှစ်ဦးစလုံးနဲ့ တွဲဖက်ကစားဖူးသူအဖြစ် မှတ်တမ်းဝင်နိုင်မှာဖြစ်ပါတယ်။ 

တစ်ဖက်မှာတော့ ဘာစီလိုနာက ဂျူဗီကွင်းလယ်လူပီယာနစ်ကို ပြန်လည်ခေါ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။ ပီယာနစ်အတွက် ဂျူဗီက ပေါင် ၆၃.၄သန်းအထိအလိုရှိနေပြီး အဆိုပါစျေးနှုန်းက ထိုက်တန်မှုမရှိဘူးလို့တော့ ဘာစီလိုနာက ယူဆနေကာ နည်းပါးတဲ့ငွေကြေးနဲ့ ခေါ်ယူနိုင်ဖို့ကို ကြိုးစားသွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က