အလေ့အကျင့်ကောင်းလေးတွေပဲ လိုအပ်တာပါ။

မဒီလေးတို့ရေ...ခန္ဓာကိုယ်တွင်းမှာ အဆိပ်အတောက်ကင်းမှ အပေါ်ယံမြင်တွေ့ရတဲ့ အသားအရေတို့ ဆံပင်တို့လည်း ကျန်းမာသန်စွမ်းမှာပါ။

ကိုယ်နေ့စဉ် စားသုံးလိုက်တဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်စရာတွေက ခန္ဓာကိုယ်အလှကိုတင် ထိခိုက်တာ မဟုတ်ဘူးနော်။ အသားအရေ၊ ဆံသားနဲ့ လက်သည်းခြေသည်းအလှကိုလည်း ထိခိုက်ပါတယ်။ ဒီအတွက် ခက်ခက်ခဲခဲ လုပ်စရာမလိုဘဲ နေ့စဉ်လုပ်လို့ရတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သတိတရနဲ့ ပုံမှန်လေး လုပ်ပေးဖို့တော့ လိုမယ်နော်။

၁။ မနက်အိပ်ယာထတာနဲ့ ရေသောက်ပါ

တစ်ညလုံး အိပ်ပြီးတဲ့နောက် ခန္ဓာကိုယ်က ရေဓာတ်လိုအပ်ပါတယ်။ မနက်အိပ်ယာက နိုးနိုးချင်းေ ရတစ်ခွက်ကို သောက်ဖြစ်အောင် သောက်ဖို့ လိုပါတယ်။ တစ်ပတ်လောက် အကျင့်လုပ်လိုက်ရင် ဖြစ်သွားမှာပါ။

၂။ ရေခပ်နွေးနွေးကလည်း ခန္ဓာကိုယ်အတွက် အသုံးဝင်ပါတယ်

ရေနွေးနဲ့ သံပုရာရည်ကို ရောပြီး မနက်ခင်းတိုင်း သောက်ခြင်းကလည်း သွေးသားကို သန့်ရှင်းစင်ကြယ်ေ စပါတယ်။ ပျားရည်လေးပါ ထည့်သောက်နိုင်ရင် ပိုကောင်းပါတယ်။ မနက်တိုင်း အချိန် ၅ မိနစ်လောက်ပေးရုံနဲ့ အကျိုးထူးမှာပါနော်။

၃။ ရေဓာတ်ကုန်ခမ်းခြင်းကိုလည်း သတိထားပါ

လှုပ်ရှားမှုများတဲ့အခါ၊ ကော်ဖီတို့ အရက်တို့ သောက်တဲ့အခါ ရေဓာတ်ကုန်ခမ်းမှု မြန်တတ်ပါတယ်။ အဲဒီအခါမျိုးမှာ ရေဓာတ်ပိုလိုအပ်တဲ့အတွက် နေ့စဉ်သောက်ဖို့ လိုအပ်တဲ့ ရေ ၂ လီတာထက် ပိုသောက်ပေးသင့်တယ်။ လူတစ်ယောက်က နှစ်နာရီခြား၊ သုံးနားရီခြားတစ်ခါ ရှူးရှူးပေါက်သင့်ပါတယ်။ ကိုယ့်ရှူးရှူးအရောင်က ရင့်နေမယ်ဆိုရင်လည်းေ ရဓာတ်မလုံလောက်တဲ့ အဓိပ္ပာယ်ဆိုတာ မမေ့ပါနဲ့နော်။

၄။ ကော်ဖီအစား Tea သောက်ပါ

Tea က အလှအပအတွက် အဓိက အသုံးဝင်တဲ့အရာပါ။ ရိုးရိုးလက်ဖက်ရည်ကြမ်းသောက်မလား၊ Green Tea သောက်မလား၊ Ginger Tea သောက်မလား၊ မိမိကြိုက်နှစ်သက်ရာ Tea တစ်ခုခုကိုေ ကာ်ဖီနေရာမှာ အစားလိုက်ပါ။

၅။ အရက်အစား ဝိုင်သောက်ပါ

သူငယ်ချင်းတွေကြားမှာ မသောက်မဖြစ် သောက်ရမယ်ဆိုရင် ဝိုင်ကိုသာ ရွေးချယ်လိုက်ပါ။ ဝိုင်နီက ကျန်းမာရေးအတွက် သင့်တော်တာမို့လို့ တစ်နေ့ဝိုင်တစ်ခွက်တောင် သောက်သင့်ပါတယ်နော်။

၆။ မျက်နှာကို လက်နဲ့ ခဏခဏမကိုင်နဲ့

စဉ်းစားတဲ့အခါမျိုးမှာ လက်က အလိုလို မျက်နှာပေါ်ရောက်သွားလေ့ရှိတယ် မဟုတ်လား။ အဲဒီအလေ့အကျင့်ကို ဖျောက်ဖို့ လိုတယ်နော်။ ကွန်ပျူတာကိုင်လိုက်၊ တံခါးလက်ကိုင်တွေ ကိုင်လိုက် လုပ်နေတဲ့ လက်နဲ့ မျက်နှာကို ထိတာက မျက်နှာအလှကို ပျက်စီးစေနိုင်ပါတယ်။

၇။ အားကစားလုပ်နိုင်ရင် အကောင်းဆုံး

လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ ဒါမှမဟုတ် နှစ်သက်ရာ အားကစား တစ်ခုခုကိုတော့ ပုံမှန်လေးလုပ်သင့်တယ်။ အဲဒါမှ ခန္ဓာကိုယ် ကျစ်လစ်လာမယ့်အပြင် သွေးလည်ပတ်မှုအားကောင်းပြီး အသားအရေလည်း စိုပြေလာမယ်။

၈။ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေ စားပါ

စိမ်းစိုတဲ့ အသီးအရွက်တွေက အဆိပ်အတောက်ပြေစေတယ်၊ သွေးသားသန့်စင်စေတယ်၊ အောက်စီဂျင်ကို တိုးပွားစေပါတယ်။

၉။ အိပ်ရေးဝဝအိပ်နော်

အိပ်ရေးဝမှ မနက်မိုးလင်းရင် မျက်နှာလေးက ကြည်လင်ပြီး လှပနေတာ အားလုံးအသိပါ။ မဒီလေးတွေ လန်းဆန်းလှပတဲ့ နေ့သစ်တစ်နေ့ကို ဖြတ်သန်းနိုင်ဖို့က အိပ်ရေးဝဖို့ လိုပါတယ်နော်။

Share

Loading Next Article...
က္က