မယ်လိုဒီဟာ ငယ်ရွယ်ချိန်တုန်းက အလှအပ နဲ့ အသက် ၃၀ ကျော် အရွယ် သူမရဲ့ အလှအပကို နှိုင်းယှဉ်ပြောပြလာပါတယ်။ သူမကိုတော့ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မတွေ့ရတော့ပါဘူး။
Photo: Melody
မယ်လိုဒီက သူမရဲ့ အသက်အရွယ်အလိုက် ပြောင်းလဲလာတဲ့ အရာတွေအပေါ် သံဝေဂရလို့နေပါတယ်။ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေဟာ အရင်တုန်းကလို ပြန်မရနိုင်တော့ဘူးလို့ လည်း သူမက အခုလို ပြောပြထားပါတယ်။
‘’ငယ်ဂုဏ်၊ ဆံပင်၊ မျက်လုးံ၊ အသားအရေ၊ အားလုးံကောင်းတယ်။ ခုတော့ ဆံပင်ပါး၊ မျက်လုးံဝါး၊ အသားအရေမကောင်း၊ စိတ်ထားလေးဘဲကောင်းဖို့ကြိုးစားနေလိုက်တော့တယ်’’ ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ မနက် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာဖြစ်ပါတယ်။ ငယ်ငယ်တုန်းက အလှဓာတ်ပုံလေးကိုလည်း အတူတွဲ တင်ခဲ့ပါသေးတယ်။
Photo: Melody
မယ်လိုဒီက အခုဆိုရင် အသက် ၃၆ နှစ်ကျော်လို့ ၃၇ နှစ်အတွင်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ မိသားစုကို အချိန်ပေးနေရတာ ဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို သိပ်လုပ်ဖြစ်တာ မတွေ့ရတော့ပါဘူး။ ဇာတ်ကားရိုက်ကူးရေးတွေ နားထားပေမယ့် ပွဲလမ်းသဘင်တွေကိုတော့ အဆက်မပြတ် တက်ရောက်နေရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ကို ချစ်တဲ့ ပရိသတ်တွေရဲ့ အချစ်ကတော့ လျှော့သွားတာမျိုး မရှိပါဘူး ။
Photo: Melody
ကိုသာကောင်းနဲ့ သရုပ်ဆောင် မယ်လိုဒီတို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး သဒ္ဓိစစ်က အခုဆိုရင် ၄ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးကိုတော့ ငယ်ငယ်လေးကတည်းက ပရိသတ်တွေက အချစ်ပိုခဲ့ကြတာပါ။ သိဒ္ဓိစစ်ဟာ ငယ်ငယ်လေးကတည်းက ကလေးအသုံးအဆောင်ပစ္စည်းတွေရဲ့ ကြော်ငြာ မင်းသားပေါက်စလေး ဖြစ်ခဲ့ပါတယ်။
Photo: Melody
မယ်လိုဒီရဲ့ အနုပညာသက်တမ်းက နှစ် ၂၀ ခန့်ရှိပြီဖြစ်ပါတယ်။ မယ်လိုဒီကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။