အိုဇေးလ်က တစ်ပတ်လုပ်ခပေါင်သုံးသိန်းခွဲအထိ ရရှိနေသူပါ။

အာဆင်နယ်ပထမအသင်းကြီးမှာ လစာငွေလျှော့ယူဖို့ ငြင်းဆန်ခဲ့တဲ့ ကစားသမား ၃ဦးအထိရှိပြီး အိုဇေးလ်က တစ်ဦးအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။


အာဆင်နယ်အသင်းမှာ လစာငွေအများဆုံးရရှိနေတဲ့ ကွင်းလယ်လူအိုဇေးလ်ဟာ အသင်းသားအများစုက လစာငွေ ၁၂.၅% လျှော့ယူဖို့ သဘောတူညီချိန်မှာ သူကတော့ လစာလျှော့ယူဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ အသင်းအများစုက လစာငွေလျှော့ချမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အိုဇေးလ်ကတော့ အာဆင်နယ်မှာ တစ်ပတ်လုပ်ခပေါင်သုံးသိန်းခွဲအထိ ရရှိနေသူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းဟာ လစာငွေလျှော့ယူဖို့ ဆုံးဖြတ်ချက်ကို အလျင်စလိုဆုံးဖြတ်သွားမှာမဟုတ်ပဲ ဒီကူးစက်ရောဂါက ရေရှည်မှာ ဘယ်လောက်ထိအကျိုးသက်ရောက်မလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားနေတယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ပထမအသင်းကြီးမှာ လစာငွေလျှော့ယူဖို့ ငြင်းဆန်ခဲ့တဲ့ ကစားသမား ၃ဦးအထိရှိပြီး အိုဇေးလ်က တစ်ဦးအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ ကစားသမားအများစုကတော့ လစာငွေလျှော့ယူသွားဖို့ သဘောတူညီခဲ့ပြီး နည်းပြအာတီတာကိုယ်တိုင်လည်း သူ့ရဲ့လစာငွေဖြတ်တောက်မှုကို လက်သင့်ခံခဲ့ပါတယ်။ 

အိုဇေးလ်ရဲ့ အေးဂျင့်ဆိုဂတ်ကတော့ သူ့ရဲ့ကစားသမားဟာ ဘောလုံးလောကအပေါ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးထိခိုက်မှုဘယ်လောက်ထိရှိလဲဆိုတာကို မသိရမချင်း လစာငွေလျှော့ချဖို့ လက်ခံသွားမှာမဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ လစာငွေလျှော့ယူဖို့ အစီအစဉ်ကို အာဆင်နယ်နည်းပြအာတီတာက ကစားသမားတွေနဲ့ ညှိနှိုင်းခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့က ဗီဒီယိုကတဆင့် အစည်းအဝေးလုပ်ခဲ့ပြီး အသင်းကိုကူညီဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

အိုဇေးလ်နဲ့အတူ ငြင်းဆန်ခဲ့တဲ့ အခြားကစားသမားနှစ်ဦးကတော့ ဘယ်သူတွေလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် အသင်းမှာလစာအများဆုံးရရှိနေတဲ့ အိုဇေးလ်ရဲ့ ငြင်းဆန်မှုအပေါ်မှာ ပရိသတ်တချို့က ဝေဖန်မှုတွေရှိနေပြီး အသင်းအတွက်ခြေစွမ်းမပြနိုင်တာ ကြာမြင့်နေပြီဖြစ်တဲ့ ဂျာမနီလက်ရွေးစင်ဟောင်းကို ရောင်းချသွားဖို့အတွက်လည်း တိုက်တွန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က