အဘွားဆုံးတာ (၈)နှစ်ပြည့်ခဲ့ပါပြီ။

ပိုပိုက သူသိပ်ချစ်ရတဲ့ အဘွားအတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်နေတာပါ။ အဘွားကိုလည်း အရမ်းသတိရနေတယ်တဲ့။

 

Photo : ပိုပို

ပိုပိုဟာ သူမရဲ့ ဘဝထဲက ထွက်ခွာသွားခဲ့တဲ့ အဘွားအတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်လျက်ရှိပါတယ်။ ပိုပိုရဲ့ အဘွားဆုံးတာ ဒီနေ့မှာဆိုရင် (၈)နှစ်တိတိပြည့်ခဲ့ပါပြီ။ အလှူအတန်းလုပ်တိုင်း အဘွားအတွက် အမျှပေးဝေတတ်သလို အဘွာအတွက် ရည်စူးပြီလည်း အမြဲတမ်းလိုလို အလှူတွေပြုလုပ်တတ်သူပါ။

လွန်ခဲ့တဲ့ ၈ နှစ်က ဒီလိုအချိန်မှာ ဆုံးပါးသွားတဲ့ အဘွား ဒေါ်အုံးကြည်အတွက် ဘုန်းဘုန်းကြီးဆီ  ဆွမ်းသွားကပ် ခဲ့တယ်  အဘွား ကောင်းရာသုဂတိမှာ ပျော်စံနိုင်ပါစေ I miss U my Grandma” ဆိုပြီး ဇွန်လ(၁၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားခဲ့ပါတယ်။

Photo : ပိုပို

ပိုပိုဟာ အဘွားကို အရမ်းချစ်တဲ့ မြေးမလေးတစ်ယောက်ဖြစ်ပါတယ်။ ပိုပိုရဲ့ အဘွားဟာ ပိုပို အသက်(၂၂)နှစ်ပြည့်ပြီး နောက်မှာ ဆုံးပါးသွားခဲ့တာပါ။ ပိုပိုဟာ သူမရဲ့ အဘွားအတွက် ရည်စူးပြီး ပဲခူးတိုင်းဘက်က ရွာလေးတစ်ရွာမှာ စေတီလေးတစ်ဆူ တည်ထားခဲ့တယ်လို့လည်း သိရပါတယ်။ ပိုပိုဟာ အလှူနဲ့ ပတ်သက်လာရင် လက်မနှေးတတ်သူ တစ်ဦးပါ။နေ့စဉ်သံဃာတော်များအတွက် ဆွမ်းဆပ်ကပ်လှူဒါန်း သလို မကြာခဏဆိုသလိုလည်း အလှူအတန်းတွေပြုလုပ်တက်သူတစ်ဦးလည်း ဖြစ်ပါတယ်။


Photo : ပိုပို

ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး ဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Share

Loading Next Article...
က္က