အဘွားအရင်းကို ချစ်ရသလို မြေးအရင်းလို စောင့်ရှောက်ပေးခဲ့တယ်တဲ့။

အဘွားအရင်းတစ်ယောက်လို ချစ်ခင်ရတဲ့ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်မြင့်မြင့်ခင်အတွက် သရုပ်ဆောင်ရဲမင်းပိုင်က မွေးနေ့ ဆုတောင်းစကား ဆိုထားပါတယ်။ အနုပညာလောကထဲကိုလည်း အဘွားဒေါ်မြင့်မြင့်ခင်ရဲ့ လက်တွဲခေါ်ယူမှုကြောင့် ရောက် ရှိလာတဲ့ အမှတ်တရတွေကိုလည်း ပြောပြထားပါသေးတယ်။

Photo: Ye Min Paing Facebook

 

သြဂုတ်လ ၁၈ ရက်နေ့ဟာ ဝါရင့်သရုပ်ဆောင်ကြီးတစ်ဦးဖြစ်တဲ့ အနေဒေါ်မြင့့်မြင့်ခင်ရဲ့ အသက် ၈၄နှစ်ပြည့် မွေးနေ့အတွက် မြေးတစ်ဦးလို ချစ်ခင်ရတဲ့ သရုပ်ဆောင်ရဲမင်းပိုင်က မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ဒေါ်မြင့်မြင့်ခင်ဟာ လက်ရှိအချိန်ထိ အောင်မြင်မှုတွေပိုင်ဆိုင်လျှက်ရှိ တဲ့ အဆိုတော် မေဆွိရဲ့ အမေဖြစ်ပါတယ်။

''သရုပ်ဆောင်ဖြစ်တော့မယ့် အချိန်၁၉၉ဝ မှာ " အမေ့သွေးလိုရဲပါတယ်'' ဇာတ်ကား နဲ့အောင်မြင်အောင်အတူတူတွဲဖက်ရိုက်ကူးပေးပြီး ငါ့မြေး ကို သရုပ်ဆောင်ဖြစ်ရင်ကျေနပ်ပြီလို့ဖခင်ကိုပြောခဲ့ဘူးတဲ့မာမီကြီး အဘွားဒေါ်မြင့်မြင့်ခင် အသက် ရှစ်ဆယ် လေးပြည့် မွေးနေ့မှစ ၍ အသက်ရာကျော် ကျမ်းမာချမ်းသာစွာကောင်းမူ့တွေနဲ့နေ့စဉ်ပြု၍ချမ်းသာစွာတည်ရှိပါစေ'' လို့ဆိုပါတယ်။

Photo: Ye Min Paing Facebook

 

ရဲမင်းပိုင် ဟာ ဒေါ်မြင့်မြင့်ခင်ရဲ့ လက်တွဲခေါ်မှုကြောင့် အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်နဲ့ မိခင် တို့ကိုလည်း သားသမီးအရင်းလို ရင်းနှီးဆက်ဆံခဲ့သလို သူ့အပေါ်မှာလည်း မြေးတစ်ယောက်လို မေတ္တာဂရုဏာ ထားခဲ့တဲ့ အမှတ်တရတွေ ကို သြဂုတ်လ ၁၆ ရက်နေ့ ည ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

'' တစ်ချိန်က မိခင်ကြီး ဒေါ်ခင်လှကို သမီးအရင်းလို မွေးမြူခဲ့ပြီးဖခင်ကြီး ရုပ်ရှင်သရုပ်ဆောင် ဦးေဋ္ဌးဝင်း နဲ့ လက်ဆက် ပေးခဲ့သော

ကျေးဇူးရှင် အဖွားမင်းသမီးကြီး ဒေါ်မြင့်မြင့်ခင် ကျွန်တော်ကို သူဆီမလာလို့ဆူနေတာ ကျွန်တော် ၄ နှစ်သားအရွယ်မှာ သရုပ်ဆောင် တယောက်ဖြစ်အောင် လုပ်ဖို့အားပေးတိုက်တွန်းခဲ့သူ'' လို့ သူကဆိုပါတယ်။

Photo: Ye Min Paing Facebook

ကိုယ်တိုင်ရေးဇာတ်ညွှန်းတွေက မြင့်မြတ်အတွက်ပါဆိုတဲ့ ရဲမင်းပိုင်

အဲ့ဒီနောက် မောင်နှမအရင်းတွေလို စောင့်ရှောက်ပေးခဲ့တဲ့ အဆိုတော်မေဆွိတို့ ညီအစ်မ သုံးယောက်ကိုလည်း ကျေးဇူးတင်ကြောင်း ဆက် လက် ရေးသားခဲ့ပါတယ်။ ရဲမင်းပိုင်ဟာ အနုပညာအတွေ့အကြုံများစွာရှိတဲ့ အက်ရှင်မင်းသားကြီးတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီး တဲ့နောက် အမေရိကားကို ထွက်သွားတဲ့အချိန်မှာတော့ သူ့ရဲ့ ပရိသတ်တွေနဲ့ရော အနုပညာလောကနဲ့ပါ ဝေးကွာခဲ့တာဖြစ်ပါတယ်။

Photo: Ye Min Paing Facebook

 

၁၄ နှစ်အကြာမှ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့ သရုပ်ဆောင် ရဲမင်းပိုင်ဟာ သူ့ရဲ့ ပထမဆုံးအနုပညာလှုပ်ရှားမှုအနေနဲ့ ဒါရိုက်တာဂျိုးနဲ့ အတူ သူ့ရဲ့ ပရိသတ်တွေအတွက် "ရဲမင်းပိုင်ပြန်လာပြီ'' ဆိုတဲ့ ဇာတ်လမ်းတို ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးထားပါသေးတယ်။ မကြာခင်မှာတော့ ရဲမင်းပိုင်က အမေရိကားကို ပြန်တော့မှာပါ။

Share

Loading Next Article...
က္က