အအေးလှိုင်းဖြတ်တဲ့အချိန်မှာ အအေးဒဏ်ခံစားနေရမယ့် မရှိဆင်းရဲသားတွေအတွက် အနွေးထည်အင်္ကျီ တွေလှူဒါန်းဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ သူမနဲ့အတူ ပါဝင်လှူဒါန်းဖို့ကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။
Photo: ပိုပို
ပိုပိုက ယခုလိုဆောင်းရာသီမှာ အနွေးဓာတ်လေးတွေ လိုအပ်နေတဲ့ ပြည်သူတွေအတွက် အနွေးထည်နဲ့စောင်တွေ လှူဒါန်းသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဆောင်းရာသီမှာ အနွေးထည်လှလှလေးတွေ ထုတ်ကြွားဖို့ တွေးမိခဲ့ပေမယ့်လည်း အဆင်မပြေတဲ့သူတွေအတွက် စဉ်းစားမိပြီး စိတ်မကောင်းဖြစ်ရတယ်လို့ သူမက ဆိုပါတယ်။ အဲ့ဒါကြောင့်လည်း သူမကိုယ်တိုင် အလှူခံပြီး မရှိဆင်းရဲသားတွေအတွက် လိုအပ်တာတွေ သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
“အခု အရမ်းအေးလာတော့ ပိုပို တွေးမိတာ တစ်ခုရှိပါတယ်။ အခုလို အအေးလှိုင်းဖြတ်တဲ့ အချိန် ပိုက အနွေးထည်တွေနဲ့ ထုတ်ကြွားဖို့တွေးမိပါတယ်။ တစ်ချိန်တည်းမှာ အဆင်မပြေတဲ့ သူတွေအတွက် ။စဉ်းစားမိပြီး စိတ်မကောင်းဖြစ်မိပါတယ်။အဲဒီတော့ မရှိဆင်းရဲသားလေးတွေအတွက်အလှူခံချင်ပါတယ်ရှင့် အခုလို အအေးလှိုင်း ဖြတ်တဲ့ အချိန် အိမ်ကြီးအိမ်ကောင်းမှာ တောင် စောင်ထူထူနဲ့ ကွေးနေတာ တောင် အရမ်းချမ်းတယ်ဆို ကျူးကျော်မှာ နေကြတဲ့ မိဘပြည်သူတွေ ဘယ်လောက်အေးလိုက်မလဲ” ဆိုပြီး သူမရဲ့ ခံစားချက်လေးကို ဒီဇင်ဘာ(၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။
Photo: ပိုပို
ဒီဇင်ဘာ(၁၁) ရက်နေ့မှာ ပိုပိုနဲ့အတူ အနုပညာရှင်တချို့ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမှာ ဖြစ်ပြီး အနွေးထည်တင်မက သူတို့ရဲ့ စားဝတ်နေရေးအတွက် ငွေကြေးများလည်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ပိုပိုဟာအလှူအတန်းနဲ့ပတ်သက်လာရင်လက်မနှေးတဲ့ အနုပညာရှင်တစ်ဦးပါ။ အလှူအတန်းနဲ့ ပတ်သက်လာရင် တတ်နိုင်သ၍ ပါဝင်လှူဒါန်းတတ်သလို သူမကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်လှူဒါန်းတာတွေလည်း ရှိလို့နေခဲ့ပါတယ်။ ပိုပိုက လက်ရှိမှာ ပရိုဂျူဆာ တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားနေသလို အခြေအနေကောင်းလာရင်လည်း Entertainment အကြီးကြီးတစ်ခု ထောင်ဖို့ ရှိတယ်လို့ သူမက ပြောဖူးပါတယ်။
Photo: ပိုပို
ပိုပိုက လက်ရှိမှာလည်း သီချင်းအသစ်တွေ ဖန်တီးလျက်ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ မကြာခင်ရုံတင်ပြသတော့မယ့် တိမ်တွေပေါ်က ပန်း ရုပ်ရှင်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။