သားဦးလေးကို လွယ်ထားတဲ့ နန်းမြတ်တစ်ယောက် ကိုယ်ဝန်ရင့်လာချိန်မှာ တဖြည်းဖြည်း ပြောင်းလဲတာလေးတွေ ရှိလို့လာပါတယ်။ ဗိုက်ထဲမှာ ရှိတဲ့ သားလေးကြောင့် ဈေးဝယ်ထွက်တိုင်း ကိုယ်ကြိုက်တဲ့ အကျႌဆိုင်တွေထက် ကလေးပစ္စည်းဆိုင်တွေဆီကိုပဲ ရောက်ရောက်နေတတ်တယ်လို့ ဆိုပါတယ်။
Photo : နန်းမြတ်ဖြိုးသင်း FB
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ပထမဆုံး ရင်သွေးလေးကို လွယ်ထားရတာဆိုရင် အခုဆိုရင် ၂၂ ပတ် ရှိသွားခဲ့ပါပြီ။ကိုယ်ဝန်လွယ်ထားရတဲ့ တဖြည်းဖြည်း ရင့်လာတာနဲ့အမျှ သူ့ရဲ့ စိတ်ခံစားချက်လေးတွေလည်း ပြောင်းလဲလို့လာခဲ့ပါတယ်။ဗိုက်ထဲမှာ ရှိတဲ့ သားလေးကြောင့် ဈေးဝယ်ထွက်တိုင်း ကိုယ်ကြိုက်တဲ့ အကျႌဆိုင်တွေထက် ကလေးပစ္စည်းဆိုင်တွေဆီကိုပဲ ရောက်ရောက်နေတတ်တယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။
Photo : နန်းမြတ်ဖြိုးသင်း FB
“ပြောင်းလဲလာတဲ့ မေမေဗိုက်ထဲမှာပဲရှိသေးတဲ့သားသားလေးကြောင့်discountတွေsalesတွေကိုတောင်မျက်စိမှိတ်နိုင်ခဲ့ပီ?
၁၀သိန်းတန်ပစ္စည်း၅သိန်းနဲ့ရရင်တောင် ငါဝယ်မယ့်၅သိန်းကိုသားလေးအတွက်ဘာလေးဝယ်ပေးလိုက်မယ်ဆိုတဲ့အတွေး???
shoppingထွက်ရင်ကိုယ်ကြိုက်နေကျအကျႌဆိုင်တွေထက်ကလေးပစ္စည်းဆိုင်တွေပဲရောက်တော့တဲ့ကိုယ်???
ဒါတွေက အစပဲရှိပါသေးတယ်.အများကြီးပြောင်းလဲလာဦးမှာ မိသားစုမှာအမေတွေကအမြဲနောက်ဆုံးကနေပဲနေတတ်တယ်တမိသားစုလုံးကိုဦးစားပေးပီးမှအမေတွေအလှည့်ပေါ့. အဲဒါတွေကိုပဲကျေကျေနပ်နပ်ကြီးနဲ့ပျော်နေတတ်တာဘယ်သူတွေလဲ
မေမေတွေပဲလေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၂၂) ရက်နေ့ ညက ရေးသားထားတာတွေ့ရပါတယ်။
Photo : နန်းမြတ်ဖြိုးသင်း FB
နန်းမြတ်ဖြိုးသင်းရဲ့ ရင်သွေးလေးက သားလေးဖြစ်တာကြောင့် လည်း ဇနီးမောင်နှံ နှစ်ယောက်စလုံး ပျော်ရွှင်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ နန်းမြတ်က အနုပညာအလုပ်တွေ ရပ်နားထားပြီး ဖိတ်ကြားထားတဲ့ ပွဲတွေလောက်သာ တက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေကလည်း နန်းမြတ်ရဲ့ သားလေးကို အရမ်းတွေ့ချင်နေပါပြီတဲ့။
ဗိုကျထဲမှာရှိတဲ့ သားလေးနဲ့အတူကုသိုလျပွုခဲ့တယျဆိုတဲ့ နနျးမွတျ
Photo : နန်းမြတ်ဖြိုးသင်း FB
ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ဟာ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်တာမှာလည်း ခင်ပွန်းဖြစ်သူ အပါအဝင် စိတ်ချမ်းသာအောင်ထားခဲ့ကြတဲ့ မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကျေးှဇူးတင်စကား ပြောထားပါသေးတယ်။
ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာပါ။