အလုပ်တွေ အရမ်းရှုပ်တာကြောင့် သေချာဂရုမစိုက်မိလိုက်လို့ အအေးမိ နှာစေးတဲ့ လက္ခဏာပြလာပြီဆိုရင်တော့ ဆေး မြန်မြန် သောက်ထားဖို့ လိုပါပြီ။ Decolgen ဟာ အအေးမိခြင်းကြောင့်ဖြစ်တဲ့ နှာချေတာ၊ နှာရည်ယိုနှာပိတ်တာတွေနဲ့ ဖျားနာတာတွေကို အထိရောက်ဆုံးနဲ့ အလျင်မြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။ တကယ်လို့ ကိုယ်ကမိုးမိထားတာလည်းရှိတယ်၊ နှာစေး၊ နှာရည်ယိုပြီး အအေးမိသလို ဖြစ်နေပြီဆိုရင်တော့ Decolgen ကိုသာအမြန်ဆုံး ဝယ်ပြီးသောက်ဖို့ ညွှန်လိုက်ပါတယ်။အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

အခုလို မိုးရာသီမျိုးမှာ အအေးမိ နှာစေးပြီး တုပ်ကွေးဖြစ်တာတွေ ရှိလာကြပါတယ်။ အအေးမိ နှာစေးတဲ့အခါ နေထိုင်မကောင်းသလို ကရိကထလည်းများပါတယ်။ အလုပ်တစ်ဖက်နဲ့ မအားတဲ့ သူတွေဆို ပိုဆိုးတာပေါ့။ ဒီတော့ မိုးရာသီမှာ တုပ်ကွေးသေးသေးလေးကစလို့ တုပ်ကွေးကြီးကြီးထိ မဖြစ်အောင် သတိထားဆင်ခြင်ရမှာပါ။ မိုးရွာထဲလျှောက်သွားမိမှ အအေးမိတတ်တာမဟုတ်တဲ့အတွက်ကြောင့် အအေးမိနှာစေးမဖြစ်အောင် သတိထားပြီး ဆင်ခြင်ရမှာလေးတွေကို ပြောပြပေးပါမယ်။

အိပ်ရေးမပျက်ပါစေနဲ့

အိပ်ရေးပျက်တာနဲ့ ဘာမှမဆိုင်ပါဘူးလို့ တွေးနေကြမှာပါ။ တိုက်ရိုက်ကြီးမဆိုင်ပေမယ့်လို့ ဆိုင်တော့ဆိုင်နေပါတယ်။ အိပ်ရေးပျက်တဲ့ ရက်တွေဆက်လာတဲ့အခါ ကိုယ်ခံအားစနစ်ကို ထိခိုက်လာစေပါတယ်။ အဲဒီအခါ ကိုယ်ခံအားနည်းနေချိန်က အဖျားဝင်ဖို့ နှာစေးချောင်းဆိုးဖြစ်ဖို့ အလွယ်ဆုံး အချိန်ဖြစ်သွားတတ်တာကြောင့်ပါ။ညကို နောက်ကျတဲ့ထိနေတတ်တဲ့သူတွေကတော့ အိပ်ရာစောစောဝင်နိုင်အောင် ကြိုးစားဖို့ အကြံပြုလိုပါတယ်။အချိန်တိုင်း ကိုယ်ခံအားကောင်းနေတာတော့ အကောင်းဆုံးပေါ့။


ဖျားနေသူနားမကပ်မိစေဖို့ သတိထားပါ 

အလုပ်မှာ ကျောင်းမှာ လူတွေနဲ့ ရောထွေးနေရတဲ့အခါ မျိုးမှာ ဖျားနေသူတွေ့ရင် အနားမကပ်မိဖို့ သတိထားပါ။ အလုပ်သဘောအရ ထိတွေ့ရမယ်ဆိုရင်လည်း နှစ်ယောက်လုံး mask တပ်ထားပြီး ပြောဆိုဆက်ဆံကြဖို့ အကြံပြုလိုပါတဲ့။အလုပ်ကိစ္စပြောဆိုပြီးတဲ့အခါ လက်ဆေးဖို့လည်း မမေ့ပါနဲ့။ မဖြစ်ခင် ရှောင်ကြဉ်ထားတော့ ကာကွယ်နိုင်တာပေါ့။

လက်ဆေးပါ

ဒါကတော့ ဒီအချိန်မှာ လူတိုင်း မဖြစ်မနေ လုပ်နေ​ကြတဲ့ အရာပါ။ တစ်ခုခုကိုင်တွယ်ပြီးတိုင်၊ အစားမစာခင်တိုင်း၊ အိမ်သာကထွက်ပြီးတိုင်း ၊ အပြင်ကပြန်လာပြီးတိုင်း  ဂရုတစိုက် ဆပ်ပြာနဲ့ လက်ဆေးဖို့ မမေ့ပါနဲ့။ ဆပ်ပြာနဲ့ ဆေးဖို့ အခွင့်မကြုံဘူးဆိုရင် လက်သန့်ဆေးလေးဆောင်ထားပါ။ လက်ဆေးဖို့က နေ့စဉ် Routine ထဲမှာ မပါမဖြစ်ရှိနေရမှာပါ။


ဒါတွေစားပါ

အအေးမိ နှာစေးဖြစ်တာက အပေါ်ကအချက်တွေနဲ့ အဓိကဆိုင်သလို ကိုယ်စားတဲ့ အစားအသောက်အလိုက် ကိုယ်ခံအားကောင်း၊မကောင်း အပေါ်လည်း မူတည်နေပါတယ်။ကိုယ်ခံအားကောင်းဖို့အတွက် အသီးအရွက်တွေ၊ အစေ့အဆန်တွေ၊ ပရိုတင်းဓာတ်ပါတဲ့ အစားအသောက်တွေ၊ အဆီဓာတ်နည်းတဲ့ အစားအသောက်တွေနဲ့ ကိုယ်ခံအားစနစ်ကောင်းစေမယ့် Antioxident ပါတဲ့ အစားအစာတွေကို စားသုံးပေးဖို့လိုပါတယ်။ နေ့စဉ် ကိုယ်စားသောက်တဲ့ အာဟာရကို သေချာလေးစီစဉ်ပြီး စားသောက်ဖို့လည်း အကြံပြုလိုက်ပါရစေ။

Duwun စာဖတ်ပရိတ်သတ်ကြီးရေ အရာအားလုံးထက် ကိုယ့်ကျန်းမာရေးက အရေးကြီးဆုံးဖြစ်တာကြောင့် ကိုယ့်ကိုကိုယ့်ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ အလုပ်တွေ အရမ်းရှုပ်တာကြောင့် သေချာဂရုမစိုက်မိလိုက်လို့ အအေးမိ နှာစေးတဲ့ လက္ခဏာပြလာပြီဆိုရင်တော့ ဆေး မြန်မြန် သောက်ထားဖို့ လိုပါပြီ။ Decolgen ဟာ အအေးမိခြင်းကြောင့်ဖြစ်တဲ့ နှာချေတာ၊ နှာရည်ယိုနှာပိတ်တာတွေနဲ့ ဖျားနာတာတွေကို အထိရောက်ဆုံးနဲ့ အလျင်မြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။ တကယ်လို့ ကိုယ်ကမိုးမိထားတာလည်းရှိတယ်၊ နှာစေး၊ နှာရည်ယိုပြီး အအေးမိသလို ဖြစ်နေပြီဆိုရင်တော့ Decolgen ကိုသာအမြန်ဆုံး၀ယ်ပြီးသောက်ဖို့ ညွှန်လိုက်ပါတယ်။အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။



Share

Loading Next Article...
က္က