လူပျို၊ အပျို၊ လူလွတ်၊ အိမ်ထောင်ရှင် လားလို့ မေးခဲ့ပါတယ်။

စိုင်းစိုင်းတစ်ယောက် သူ့ရဲ့ ပရိသတ်တွေထဲမှာ လူပျို၊ အပျို၊ လူလွတ်၊ အိမ်ထောင်ရှင် တွေ ဘယ်လောက်အများအပြားရှိသလဲ ဆိုတာကို စစ် တမ်းကောက်ယူခဲ့ပါတယ်။ ဒါကလည်း အပျော်သဘောလေးဖြစ်သလို၊ သူကိုယ်တိုင်ကလည်း သိချင်တယ်လို့ ဆိုပါတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘွတ်

 

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် သူ့ကို ချစ်တဲ့ ပရိသတ် ၈ သန်းကျော်ကို လူပျို၊ အပျို၊ လူလွတ်၊ အိမ်ထောင်ရှင် လား ဆိုပြီးတော့ စစ်တမ်းကောက်ခဲ့ပါတယ်။ ဒီလို စစ်တမ်း ကောက်ခဲ့တာကလည်း သူကိုယ်တိုင် အမှန်တကယ် သိချင်တယ်လို့ ဝန်ခံထားပါတယ်။ လက်ရှိမှာတော့ လူပျို၊ အပျို၊ လူလွတ်တွေ ဖြစ်ကြောင်း ၈၆ ရာခိုင်နှုန်း ဖြေကြားထားကြတာကို တွေ့ရပါတယ်။

'' SAISAI ရဲ့ ပရိသတ်တွေကို စစ်တမ်းကောက်ချင်ပါတယ်။ ကျနော့် အနုပညာ career သက်တမ်းကြာလာတဲ့အခါ တချို့ကလည်း ဘယ် နှစ်တန်း ကတည်းက ကြိုက်တာ။ ဘယ်အရွယ်တုန်းကစသိတာ အခုမှ စကြိုက်လာတာ အရင်တုန်းက မကြိုက်ဘူးစသဖြင့် ပြောနေကြ တာ တွေ့ရပါတယ်။ တချို့လည်း ငယ်ငယ်ကတည်းက အားပေးပြီး ကျနော်နဲ့ အတူ ကြီးပြင်းလာကြတယ် ။ တချို့လည်း ငယ်ကြသေးတယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီ ၁၁ မိနစ်တုန်းက သူ့ရဲ့ ဖေ့စ်ဘွတ် Page ကနေ တင်ခဲ့တာဖြစ်ပါတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘွတ်

ရှိုးပွဲလက်မှတ်တွေ ရောင်းအားကောင်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ရဲ့ တရားဝင် Facebook Page ကတော့ ဇွန်လ ၁၆ ရက်နေ့ ညမှာပဲ Follower ၈ သန်းပြည့်သွားပြီလို့ သိရပါတယ်။ သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက် လည်း ဒီ့ထက်ပိုကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘွတ်

 

 စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘွတ်

 

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။

အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က