ယမင်းမေဦးက သူမရဲ့ လှပတဲ့ အသားအရေကို မဲသွားမှာ အရမ်းကြောက်တယ်လို့ ဆိုပါတယ်။ ဒီလို အသားအရေရဖို့ မိဘနှစ်ပါးက သေချာ ဂရုစိုက်ပေးခဲ့တာပါတဲ့။
Photo: Yamin May Oo
ပရိသတ်တွေရဲ့ အချစ်တော်မလေး ယမင်းမေဦးက အသားအရေနဲ့ပတ်သက်ပြီး အရမ်းလှတဲ့သူပါ။ ဒီအသားအရေကိုလည်း မဲသွား၊ ညိုသွားမှာကို အရမ်းကြောက်တယ်လို့ မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
‘’ အသားမဲမှာ အရမ်းကြောက်တယ်။ ကမ်းခြေတွေဘာတွေ သွားရင် Sun Cream ကို နာရီဝက် တစ်ခါလိမ်းတာ။ အသားမဲမှာ အရမ်းကြောက်တယ်။ ဆိုက်ကိုလို ဖြစ်နေပြီ။ ဒီ့ထက်လည်း အသားမဖြူချင်တော့ပါဘူး။ ဒီအတိုင်းလေးပဲ သဘောကျပါတယ်’’ လို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာပါ။
Photo: Yamin May Oo
သူမရဲ့ အသားအရေကို မိဘနှစ်ပါးစလုံးရဲ့ ဂရုတစိုက်ရှိလွန်းတာကြောင့် အသားဖြူနေတာလို့ ယမင်းမေဦးက ပြောပါတယ်။ အသားဖြူဆေး မထိုးဘူးလို့လည်း ဇွန်လ ၁၃ ရက်နေ့က oppo Reno Series Launch မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
‘’ ယမင်းက အသားဖြူဆေးမထိုးထားပါဘူး။ ဒါပေမယ့် ငယ်ငယ်ကတည်းက Skin Care လုပ်တာဆိုတော့ မေမေရော ဖေဖေ ရောက အဲ့ဒီလောက် မဖြူပေမယ့် ယမင်းအတွက် ဂရုစိုက်ပေးကြတယ်။ အဲဒါကို အကျင့်ဖြစ်ပြီးတော့ Lotion လိမ်းတာ၊ ရေသောက်တာတွေ၊ နေပူထဲသွားလို့ Sun Cream လိမ်းတာတွေက ယမင်းအတွက် အကျင့်ဖြစ်နေတယ်။ လူတွေက ငယ်ငယ်ကတည်းက ဖြူတာပါ ကြီးလာမှ အပြင်သွားလို့ နေပူတာတွေကြောင့် အသားမဲတာတွေရှိတာ။ သေချာဂရုစိုက်ဖို့ပါပဲ’’လို့ သူကဆိုပါတယ်။
Photo: Yamin May Oo
အဲဒီနောက် အသားဖြူချင်တဲ့ မိန်းကလေးတွေ အသားဖြူဆေးထိုး၊ ဆေးသောက်ကြတဲ့အပေါ်မှာ လည်း ယမင်းမေဦးက အားပေးစကားပြောခဲ့ပါတယ်။
‘’ အသားဖြူဆေး ထိုးတဲ့ သူတွေကလည်း ဘာမှမဖြစ်ပါဘူး ဒါက ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပဲလေ နော်။ သူများရဲ့ ရွေးချယ်မှုဆိုတော့ မဝေဖန်ချင်ပါဘူး။ ဒါကလည်း ပိုက်ဆံရှိလို့ လုပ်တာပဲလေ။ ကိုယ့်ကိုယ်ကိုယ် လှမယ်ထင်ရင်၊ ယုံကြည်မှုရှိရင် လုပ်ပါ’’ လို့ဆိုပါတယ်။
Photo: Yamin May Oo
ယမင်းမေဦးကတော့ အလှဓာတ်ပုံလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ အဲဒီနောက် ‘’သရဲဆိုတာ ဂျိုနဲ့လားဟေ့’’ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။