ပညာသင်စရိတ် အားလုံးကို ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ပညာရေးကုသိုလ်နဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ချင်ခဲ့တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ဆန္ဒလေး ပြည့်သွားခဲ့ပါပြီ။ (၆)ဘာသာ ဂုဏ်ထူးရှင်လေးအတွက် ပညာဆက်သင်နိုင်ဖို့ သူတို့က ကူညီပေးသွားမှာပါ။

 

Photo : လင်းလင်း



လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက မုံရွာမှ(၆)ဘာသာဂုဏ်ထူးရှင်လေးအတွက် ပညာဆက်လက်သင်ယူနိုင်ဖို့ ကူညီထောက်ပံသွားမှာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ပညာရေး ကုသိုလ်နဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ချင်ခဲ့တာ ကြာပြီလို့ သိရပါတယ်။

ဒီနေ့ ကျွန်တော်တို့မိသားစုမှ ပညာကုသိုလ်လုပ်မယ့် ကိစ္စလေးအား အကောင်အထည်ဖော်ဖြစ်ပါတယ်။ မုံရွာမှ ၆ ဘာသာ ဂုဏ်ထူးရှင် သမီးလေး အိမ့်ကလျာခိုင် ကို သူတက်ချင်တဲ့ စက်မှုကျောင်းကို တက်နိုင်ဖို့အတွက် ကျွန်တော်တို့မိသားစုမှ ကျောင်းပညာစရိတ်အစအဆုံးကို တာဝန်ယူပေးမှာပါ။ ဒီနေ့ သမီးလေးရဲ့ အမေ, အဒေါ်, ကျောင်းဆရာမကြီးတွေနဲ့မန္တလေးမှာ ဆုံဖြစ်ပါတယ်။ သမီးလေးက သူ့ဆန္ဒအတိုင်း ဆေးကျောင်းမတက်ဘဲ စက်မှုကျောင်းဘဲ တက်ချင်တာဆိုတော့ သမီးဖြစ်ချင်တဲ့အတိုင်း ပညာဒါန လုပ်ပေးမှာပါ " ဆိုပြီး ဇွန်လ(၂၂) ရက်နေ့ လင်းလင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : လင်းလင်း

(၆)ဘာသာ ဂုဏ်ထူးရှင် သမီးလေးနဲ့ အဆက်အသွယ်ရတဲ့နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ဖြစ်တာကြောင့် အမှတ်တရ တစ်ခု ဖြစ်ခဲ့တယ်လို့ လင်းလင်းက ဆိုပါတယ်။

“သူရွေးထားတဲ့ သူလျှောက်ချင်တဲ့လမ်းကို ကျွန်တော်တို့က နိုင်တဲ့ဝန်နဲ့ ဖြည့်စီးပေးတာပါ။ အမေစုရဲ့ မွေးနေ့မှာ အဆက်အသွယ်ရပြီး စကားပြောဖြစ်တာဆိုတော့ အမှတ်တရဖြစ်သွားတာပေါ့။ သမီးအိမ့်ကလျာခိုင် ဖြစ်ချင်တဲ့အတိုင်း ဆန္ဒတွေပြည့်ဝပြီး နိုင်ငံတော်က အားကိုးရတဲ့, မိဘ ဂုဏ်ယူရတဲ့ စက်မှုကျောင်းသူကြီး ဖြစ်ပါစေ သမီးရေ” ဆိုပြီး ဆက်လက်ပြောထားပါတယ်။

Photo : လင်းလင်း

ယခုလိုမျိုး ပညာဒါန လုပ်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ပညာရေးနဲ့ ပတ်သက်လာရင် လောဘကြီးတဲ့ ဇနီးဖြစ်သူ ချစ်သုဝေကိုလည်း ကျေးဇူးတင်စကား ပြောထားတာတွေ့ရပါသေးတယ်။

ဒီနေရာမှာ နည်းနည်းပြောချင်တာက ချို့တဲ့ပြီးပညာယူဖို့အခက်အခဲ ရှိနေတဲ့ ကလေးတွေကို ဇွတ်ဆက်သွယ်ခိုင်း, မေးခိုင်း , ကူညီဖို့ပြင်ဆင်ခိုင်းတဲ့ ပညာနဲ့ပတ်သတ်ရင် လောဘကြီးသော ကျွန်တော့်မိန် းမ ထရီဇာကိုကျေးဇူးတင်ပါတယ်။ ငါတို့နိုင်သလောက်လုပ်ကြတာပေါ့။ ကျွန်တော်တို့နိုင်သလောက်နဲ့ ပညာဒါန လုပ်ဖို့ ထပ်ပြီးဆက်သွယ်နေတဲ့ ကလေးငယ်တွေလဲရှိပါသေးတယ်။ သေချာမှထပ်ပြောပါမယ် “ လို့ လင်းလင်းက ဆိုပါတယ်။

Photo : လင်းလင်း

လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ သမီးလေးတွေရဲ့ နာမည်နဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်းဆိုတာကို တည်ထောင်ထားပြီး မွေးရာပါ နှလုံးရောဂါရှင် ကလေးတွေအတွက်ကိုလည်း ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က