သူ့ရဲ့ လှုံ့ဆော်မှုနဲ့အတူ သမိုင်းဝင်အောင်မြင်မှုရခဲ့ပါတယ်။

အာဂျင်တီးနားကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆော်ဒီနည်းပြဟာဗေးရန်နာ့ဒ်ရဲ့ ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်းမှာ ဆော်ဒီအသင်းသားတွေကို လှုံ့ဆော်ပေးခဲ့တဲ့ ပြောစကားတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ပထမပိုင်းမှာ အာဂျင်တီးနားကို ဆော်ဒီက ၁-၀ နဲ့ အရေးနိမ့်နေတာဖြစ်ပြီး ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာပဲ ၂ ဂိုးဆက်တိုက် သွင်းယူကာ အံ့အားသင့်ဖွယ်နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။ 

ဆော်ဒီဘောလုံးအဖွဲ့ချုပ်က ဖော်ပြခဲ့တဲ့ ရန်နာ့ဒ်ရဲ့ ပြောဆိုမှုတွေကတော့ တကယ်ကို စိတ်အားတက်ကြွစရာကောင်းနေခဲ့ပါတယ်။ သူ့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုနဲ့အတူ ဆော်ဒီကစားသမားတွေကလည်း ဒုတိယပိုင်းမှာ ခြေစွမ်းပြခဲ့ပြီး နာမည်ကျော်အာဂျင်တီးနားကို အနိုင်ယူခဲ့ကာ တကမ္ဘာ့လုံးကို အံ့အားသင့်စေခဲ့ပါတယ်။ 

ရန်နာ့ဒ်က အဝတ်လဲခန်းထဲမှာ "ငါတို့ဘာလုပ်မှာလဲ၊ မင်းတို့အတွက် ဒါက စိတ်ဖိစီးနေရသလား၊ မက်ဆီက ဘောလုံးနဲ့အတူ ကွင်းလယ်မှာရှိနေတယ်၊ သူနဲ့ အဝေးကြီးကနေ မင်းတို့ ကြည့်နေမှာလား၊ သူ့နောက်လိုက်ပြီးတော့ တွန်းပစ်မလား၊ ဒါမှမဟုတ် သူနဲ့အတူ မင်းတို့က ဓာတ်ပုံရိုက်ချင်နေတာလား၊ ငါတို့ ပြန်လာနိုင်မယ်လို့ မင်းတို့ မထင်ကြဘူးလား၊ အဲဒီလိုမျိုးရော မခံစားရဘူးလား"

"ဒါက ကမ္ဘာဖလားနော်၊ မင်းတို့နိုင်ငံကို မင်းတို့လေးစားကြစမ်းပါ၊ အရာအားလုံးကို ပေးဆပ်ခဲ့ကြစမ်းပါကွ၊ သွားကြစို့" လို့ ပြောဆိုခဲ့ကြောင်း ဆိုပါတယ်။ ဒုတိယပိုင်းစပြီး ၂ မိနစ်အကြာမှာတေ့ာ ဆော်ဒီက ချေပဂိုးပြန်သွင်းနိုင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အနိုင်ဂိုးထပ်ရခဲ့ကာ ပွဲပြီးဆုံးချိန်အထိ ထိန်းသိမ်းနိုင်ခဲ့လို့ သမိုင်းဝင်နိုင်ပွဲတပွဲကို ပိုင်ဆိုင်ခဲ့ရပါတော့တယ်။ 


Share

Loading Next Article...
က္က