တောင်အမေရိကအသင်းအနေနဲ့ နောက်ထပ် ဘာဖလားမှရတော့မှာမဟုတ်ဘူးလို့ ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆာဂျီယို အဂွေရိုက အာဂျင်တီးနားကစားသမားတွေရဲ့ ကမ္ဘာ့ဖလားအောင်ပွဲခံမှုကို ဝေဖန်ခဲ့ပြီး မက်ဆီကလွဲပြီး ကျန်တဲ့သူတွေက ဖလားထပ်ရတော့မှာမဟုတ်ဘူးလို့ ပြောခဲ့တဲ့ ဇလာတန် အီဘရာဟီမိုဗစ်ကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်ကို မိနစ် ၁၂၀ အပြီးမှာ ၃-၃ နဲ့ သရေကျခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီး တတိယမြောက် ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီအတွက်ကတော့ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုဖလားကြီးကို နောက်ဆုံးမှာ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ကစားသမားဘဝတလျှောက်လုံး ရှောင်ပြေးနေခဲ့တဲ့ ဆုဖလားကြီးကို အဆုံးမှာတော့ ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီဆိုတဲ့ အဓိပ္ပာယ် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်နဲ့ နူးကမ့်မှာ အတူတူ ကစားခဲ့ဖူးတဲ့ အီဘရာဟီမိုဗစ်က လီယွန်နယ် မက်ဆီဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားအဖြစ် မှတ်ယူထားတာကြောင့် ပီအက်စ်ဂျီကြယ်ပွင့်နဲ့ အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားရရှိလိမ့်မယ်ဆိုတာ သေချာနေခဲ့တာဖြစ်ပါတယ်။ အေစီမီလန်တိုက်စစ်မှူးက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ အမ်ဘာပေကိုလည်း ချီးကျူးခဲ့ပြီး အာဂျင်တီးနားကစားသမားတွေရဲ့ အောင်ပွဲခံမှုဟာ အလွန်အကျွံဖြစ်ခဲ့တယ်လို့ ထင်မြင်ခဲ့တာကြောင့် တောင်အမေရိကအသင်းအနေနဲ့ နောက်ထပ် ဘာဖလားမှရတော့မှာမဟုတ်ဘူးလို့ ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။


"ကျွန်တော် အမ်ဘာပေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်လုပွဲမှာ ၄ ဂိုးသွင်းနိုင်ခဲ့တာတောင် ကမ္ဘာ့ဖလားကို မရရှိခဲ့ဘူးဆိုရင် အဲဒါက အရမ်းဝမ်းနည်းစရာဖြစ်မှာမို့လို့ပါ။ ဒါပေမယ့် သူ နောက်ထပ်ကမ္ဘာ့ဖလားကို ရဦးမှာဖြစ်ပြီး ကမ္ဘာ့ဖလားကို တစ်ကြိမ် ရရှိခဲ့ပြီးပြီဖြစ်တဲ့အတွက် အမ်ဘာပေအတွက်တော့ ကျွန်တော် စိတ်မပူပါဘူး။ ကျွန်တော် စိတ်ပူတာက အာဂျင်တီးနားက တခြားကစားသမားတွေကိုပါ။ ဘာလို့လဲဆိုတော့ သူတို့တွေ ဘာဖလားမှ ရတော့မှာမဟုတ်လို့ပါ။ မက်ဆီက အရာအားလုံးကို အနိုင်ရရှိခဲ့ပြီးဖြစ်ပြီး သူ့ကိုတော့ အမှတ်ရနေကြပါလိမ့်မယ်။ ဒါပေမယ့် ကျန်တဲ့လူတွေကတော့ ဆိုးဆိုးရွားရွား ပြုမူခဲ့ပြီး ကျွန်တော်တို့ အဲဒါကို လေးစားလို့မရပါဘူး"

"မြင့်မားတဲ့အဆင့်အတန်းမှာ ကစားနေတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် ပြောတာပါ။ ကျွန်တော့်အတွက်တော့ အဲဒီလိုအပြုအမူက သူတို့တွေ တစ်ကြိမ်ပဲ အနိုင်ရရှိပြီး နောက်ထပ် ထပ်ပြီး အနိုင်ရရှိတော့မှာမဟုတ်ဘူးဆိုတဲ့ လက္ခဏာမျိုးပါ။ ဘာလို့လဲဆိုတော့ ခင်ဗျား ဒီလိုမျိုးနဲ့ ဆုဖလားတွေကို အနိုင်ရရှိနိုင်မှာမဟုတ်လို့ပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ကစားသမားဘဝကနေ အနားယူခဲ့ပြီးဖြစ်ပေမယ့်လည်း ကမ္ဘာ့ဖလားအောင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ အောင်ပွဲခံခဲ့တဲ့ ဆာဂျီယို အဂူရိုက ဆွီဒင်တိုက်စစ်မှူးရဲ့ ဝေဖန်မှုကို သဘောမတူညီခဲ့ဘဲ အာဂျင်တီးနားထက် ကိုယ့်လက်ရွေးစင်အသင်းကိုပဲ ကိုယ်စိတ်ပူသင့်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

"ကျွန်တော်တို့ နောက်ထပ် ဆုဖလားတွေ ရရှိတော့မှာမဟုတ်ဘူးလို့ ပြောတာကတော့ အရမ်းရိုင်းတဲ့ပုံပေါ်ပါတယ်။ အာဂျင်တီးနားအတွက် စိတ်မပူခင်မှာ ခင်ဗျားအနေနဲ့ ခင်ဗျားနိုင်ငံ၊ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာတောင် မပါခဲ့တဲ့ ခင်ဗျား ကစားသမားတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်"လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က