ကူရာဆားအသင်းဟာ ပွဲစဉ်တလျှောက်လုံး ဂိုးပေါက်တစ်ကြိမ်မှ ကန်သွင်းနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံတွေဟာ အင်္ဂါနေ့ညက ကူရာဆားကို ၇-၀ နဲ့ အနိုင်ရရှိခဲ့ပြီး လီယွန်နယ် မက်ဆီဟာ ဟက်ထရစ်သွင်းပြီး နိုင်ငံတကာသွင်းဂိုးကို ထပ်မံတိုးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင်ဟာ ပထမပိုင်း ၁၇ မိနစ်အတွင်း သွင်းဂိုး ၃ ဂိုးစလုံးကို သွင်းယူပေးခဲ့ပြိး အာဂျင်တီးနားလက်ရွေးစင်အသင်းတွက် သွင်းဂိုး ၁၀၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ နီကိုလတ်စ် ဂွန်ဇာလက်ဇ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ ဒီမာရီယာ၊ ဂွန်ဇာလို မွန်တီရယ်တို့အားလုံးကလည်း ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံတွေအတွက် သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ကြတာဖြစ်ပြီး ကူရာဆားအသင်းဟာ ပွဲစဉ်တလျှောက်လုံး ဂိုးပေါက်တစ်ကြိမ်မှ ကန်သွင်းနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ကူရာဆားအသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အရှေ့တောင်အာရှအသင်းဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ခြေစမ်းပွဲအဖြစ် ၃ ရက်ခြားပြီး ၂ ပွဲကစားခဲ့ရာမှာ ၂ ပွဲစလုံး မနိုင်မရခဲ့ဘဲ ပထမပွဲမှာ ၃-၂ ၊ ဒုတိယပွဲမှာ ၂-၁ နဲ့ ရှုံးနိမ်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ကူရာဆားအသင်းဟာ ၂၀၂၂ ခုနှစ် ဇွန်လတုန်းက CONCACAF နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဟွန်ဒူးရပ်စ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ရှုံးနိမ့်ခဲ့တဲ့ခြေစွမ်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က