နာကျင်အချိန်ပို (၁၅) မိနစ်အထိ ပေးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ မော်ရိုကိုတို့ရဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ မိနစ် (၉၀) ပြည့်လို့ နာကျင်အချိန်ပို (၁၅) မိနစ် ပေးခဲ့ရတဲ့အပေါ်မှာလည်း ပရိသတ်တွေက ပြစ်တင်ဝေဖန်နေကြတာပါ။



ဒီပွဲရဲ့ နောက်ဆုံးမိနစ်အထိ မော်ရိုကိုက ၁-၂ ဂိုးနဲ့ ဦးဆောင်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း မိနစ် (၉၀) မှာ အချိန်ပို (၁၅) မိနစ်အထိ ပေးခဲ့ပြီး ဒါက ပရိသတ်တွေအတွက်ရော၊ မော်ရိုကိုအတွက်ရော အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

အဲ့ဒီနောက် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ အာဂျင်တီးနားတို့ ချေပဂိုးရသွားပြီး အုပ်စုအဖွင့်ပွဲမှာ ရှုံးပွဲနဲ့ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာလည်း မော်ရိုကိုပရိသတ်တွေက ဒေါသထွက်ကာ ကွင်းအတွင်း ဝင်ရောက်လာပြီး အာဂျင်တီးနား ကစားသမားတွေကို ရန်ပြုတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။


ဆိုရှယ်မီဒီယာပေါ်မှာလည်း “အာဂျင်တီးနား ဂိုးမရမချင်း အချိန်ပို ပေးကန်နေတာ” “အုပ်စုပွဲမှာ ဒီလိုမျိုး အချိန်ပို (၁၅) မိနစ်အထိ ပေးစရာ လိုလို့လား” “ငါလည်း အာဂျင်တီးနားသားပါပဲ။ ဒါပေမယ့် ဒီပွဲကတော့ သေချာပေါက် ပြန်လည်စစ်ဆေးစုံစမ်းသင့်ပါတယ်” လို့ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။

Share

Loading Next Article...
က္က