ဘရာဇီးနဲ့ပွဲမတိုင်ခင်မှာ မက်ဆီ ပြောကြားခဲ့တာပါ။

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီတယောက် ကိုပါအမေရိကဖလားကို ဆွတ်ခူးဖို့ ဗိုလ်လုပွဲ မကစားခင်အချိန်မှာ အသင်းဖော်တွေကို စိတ်ဓာတ်လှုံ့ဆော်ပေးနေတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ကလည်း အာဂျင်တီးနားအကြောင်း ရိုက်ကူးထားတဲ့ Netflix ရဲ့ မှတ်တမ်းရုပ်ရှင် “Champions of America” ရဲ့ Trailer မှာ ပါဝင်လာခဲ့တာပါ။



အဆိုပါပွဲမှာ မက်ဆီရဲ့အာဂျင်တီးနားက ဘရာဇီးနဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲကို သမိုင်းဝင် မာရာကာနာကွင်းကြီးထဲမှာ ကစားခဲ့ရတာဖြစ်ပြီး ဒီမာရီယာရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဒီဆုဖလားဟာ မက်ဆီအတွက် နိုင်ငံလက်ရွေးစင် ကစားသမားဘဝ ပထမဆုံးသော ဆုဖလားလည်း ဖြစ်ခဲ့ပြီး လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုမရသေးတဲ့ မှတ်တမ်းဆိုးကို စတင်ချေဖျက်နိုင်ခဲ့ပါတယ်။


အဆိုပါပွဲမတိုင်ခင် အဝတ်လဲခန်းထဲမှာ မက်ဆီက “ငါတို့ရဲ့ မိသားစုတွေ၊ ကလေးတွေနဲ့ တွေ့ခွင့်မရတာက (၄၅) ရက် ရှိလာပြီ။ ငါတို့မှာ ရည်မှန်းချက်ပန်းတိုင်ရှိပြီး အခု ဒီအရာကို ဆွတ်ခူးဖို့ ခြေလှမ်းတလှမ်းပဲ လိုတော့တယ်။ တိုက်ဆိုင်မှုဆိုတာမရှိဘူးကွာ။ ဒီကိုပါအမေရိကဖလားက အာဂျင်တီးနားမှာရှိခဲ့ဖူးပြီး ဘုရားသခင်က လူတိုင်းအတွက် ပိုမိုလှပတဲ့အရာတွေကို ဖန်တီးပေးဖို့အတွက် ဒီဆုဖလားကို ဆောင်ယူလာခဲ့တာပဲ"

“ယုံကြည်ချက်အပြည့်နဲ့ တည်ငြိမ်မှုအပြည့်နဲ့ ကစားကြရအောင်။ ငါတို့ ဒီဆုဖလားကြီးကို အိမ်ပြန်သယ်သွားရမယ်” လို့ ပြောကြားနေခဲ့တာပဲဖြစ်ပါတယ်။ ဒီကိုပါအမေရိကဆုဖလားဟာ (၁၉၉၃) နောက်ပိုင်း အာဂျင်တီးနားတို့ တကျော့ပြန် ဆွတ်ခူးနိုင်ခဲ့တဲ့ ကိုပါအမေရိကဆုဖလားလည်းဖြစ်ခဲ့ပါတယ်။

အခုချိန်မှာတော့ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ပရိသတ်တွေဟာ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားအတွက် အပြည့်အဝမျှော်လင့်ထားကြပြီး ဒီကမ္ဘာ့ဖလားဟာလည်း မက်ဆီအတွက် ကစားသမားဘဝ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမှာပါ။ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် လာမယ့် နိုဝင်ဘာ (၂၂) ရက်နေ့မှာ ဆော်ဒီအာရေဗျနဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က