အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက ဂျာမနီကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် လူဆေးလ်ကွင်းမှာ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဒရိတ်ခ်က ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားက ပြင်သစ်ကို အနိုင်ရရှိသွားမယ်လို့ ထောက်ခံခဲ့ပြီးနောက် လီယွန်နယ် မက်ဆီကို ကျိန်စာသင့်သွားပြီလို့ ထင်မြင်နေကြပါတယ်။

အာဂျင်တီးနားဟာ တနင်္ဂနွေနေ့မှာ ပြင်သစ်နဲ့ ရင်ဆိုင်ကစားသွားရမှာဖြစ်ပြီး လီယွန် မက်ဆီရဲ့ တောက်ပတဲ့ ကစားသမားဘဝအတွက် နောက်ဆုံးကမ္ဘာ့ဖလားပွဲစဉ်လည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက ဂျာမနီကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် လူဆေးလ်ကွင်းမှာ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ကစားသမားဟာ ကာတာမှာ ရင်သပ်ရှုမောဖွယ် ခြေစွမ်းပြသနေခဲ့သူဖြစ်ပြီး သွင်းဂိုး ၅ ဂိုး၊ ဂိုးဖန်တီးမှု ၃ ကြိမ်နဲ့အတူ အာဂျင်တီးနားကို နောက်ထပ်တစ်ကြိမ် ဗိုလ်လုပွဲတက်ရောက်နိုင်အောင် ကူညီပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေဟာ ဒရိတ်ခ်က ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် အနိုင်ရမယ့်အသင်းကို ရွေးချယ်ပေးခဲ့ပြီးနောက် လီယွန်နယ် မက်ဆီ ကမ္ဘာ့ဖလားရရှိမယ်ဆိုတဲ့ယုံကြည်ချက် ပျောက်ဆုံးသွားခဲ့ပုံပေါ်ပါတယ်။

ကနေဒါလူမျိုးရက်ပ်အဆိုတော်ဟာ ပွဲကြီးပွဲကောင်းတွေမှာဆိုရင် ရှုံးမယ့်ဘက်က အမြဲတမ်း နေတဲ့သူအဖြစ် လူသိများ ထင်ရှားပြီး ကမ္ဘာ့ဖလာဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းဘက်က ရပ်တည်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ရက်ပ်အဆိုတော်က နာပိုလီအသင်း ဂျာကင်ကို ဝတ်ဆင်ထားပြီး ပြင်သစ်နဲ့အာဂျင်တီးနားတို့ရဲ့ပွဲစဉ်မှာ အနိုင်ရရှိသွားမယ့်အသင်းကို ဟောကိန်းထုတ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက ၎င်းရဲ့ ဟောကိန်းကို တုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။

"ဒရိတ်ခ်က အာဂျင်တီးနားကို အနိုင်ရမယ့်ဘက်က ထောက်ခံနေတာလား။ အင်း။ ပြင်သစ်ကတော့ နိုင်သွားပြီ"လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး "ဒရိတ်ခ်က အာဂျင်တီးနားအနိုင်ရမယ့်ဘက်က ရှိတယ်လို့ ပြောခဲ့တယ်။ အာဂျင်တီးနားအတွက် ဆုတောင်းပေးကြပါ"လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က