ခရစ္စ ဆပ်တန်က တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ အနိုင်ရရှိသူကို ဆုံးဖြတ်ပေးမယ့် အဓိက တိုက်ပွဲ ၃ ခုက ဘာတွေလဲဆိုတာကို ပြောကြားခဲ့ပါတယ်။
ပြင်သစ်နဲ့ အာဂျင်တီးနားတို့ဟာ ကမ္ဘာ့ဖလားကို ၂ ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းတွေဖြစ်ကြပြီး ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘယ်အသင်းက ၃ ကြိမ်မြောက် ကိုင်မြှောက်သွားနိုင်မလဲဆိုတာကို တနင်္ဂနွေနေ့မှာ အဖြေထုတ်သွားတော့မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဖော်တွေဖြစ်တဲ့ မက်ဆီနဲ့ အမ်ဘာပေတို့ကြားက တိုက်ပွဲဟာ မျှော်မှန်းထားတဲ့အတိုင်းပဲ သတင်းခေါင်းစည်းတွေမှာ နေရာယူခဲ့ပေမယ့်လည်း ခရစ္စ ဆပ်တန်က ဒီပွဲစဉ်ကို အဓိကအဆုံးအဖြတ်ပေးမယ့် တိုက်ပွဲ ၃ ခုရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
၁။ ဂရစ်ဇ်မန်း-အန်ဇို ဖာနန်ဒက်ဇ်
"မော်ရိုကိုနဲ့ပွဲမှာ ဂရစ်ဇ်မန်းကစားတာကို ကြည့်ခဲ့ရပြီး ခင်ဗျားသာ သူက ပြီးခဲ့တဲ့ဆယ်စုနှစ်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဆိုတာကို မသိခဲ့ရင် ကမ္ဘာပေါ်ကအကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးလို့ ထင်ခဲ့နိုင်ပါတယ်။ သူ့ရဲ့ ခံစစ်ပိုင်းလုပ်အားနှုန်းက ဆီမီးဖိုင်နယ်နိုင်ပွဲမှာ တော်တော်လေး အထင်ကြီးစရာပါ။ ဒါပေမယ့် ဂရစ်ဇ်မန်းက ဘောလုံးနဲ့ဆိုရင်လည်း ကြောက်ဖို့ကောင်းပါတယ်။ ဒီပွက အာဂျင်တီးနားရဲ့ လူငယ်ကြယ်ပွင့် အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ခံစစ်ပင်ကိုသိစိတ်ကို အကြီးမားဆုံးစမ်းသပ်မှုဖြစ်လာပါလိမ့်မယ်။ အဲဒါက ကျွန်တော် စောင့်ကြည့်ဖို့ မစောင့်ဆိုင်းနိုင်ဖြစ်နေရတဲ့ ကွင်းလယ်တိုက်ပွဲပါ"
၂။ အမ်ဘာပေ-မိုလီနာ
"အမ်ဘာပေနဲ့ ကိုင်လီ ဝေါ်ကာတို့အကြောင်း အများကြီး ပြောဆိုခဲ့ကြပြီး အင်္ဂလန်နောက်ခံလူက တစ်ဦးချင်းမှာ သူ့ကို ကေင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်။ အခု အဲဒါက အာဂျင်တီးနားနောက်ခံလူ မိုလီနာအလှည့်ရောက်ပြီ။ မိုလီနာက ပြင်သစ်ရဲ့ အပြေးသမား အမ်ဘာပေကို ထိန်းထားနိုင်ချင်နေမှာဖြစ်ပေမယ့်လည်း သူကလည်း အာဂျင်တီးနားရ့တိုက်စစ်ကို လိုက်ပါချင်တဲ့သူပါ။ မော်ရိုကိုက ဟာကီမီနဲ့ ဇီယက်ရှ်တို့ကို အသုံးပြုပြီး တောင်ပံတကြောမှာ ပြင်သစ်ကို ပြဿနာဖြစ်စေခဲ့တယ်။ အမ်ဘာပေ နောက်ပြန်မလိုက်ဘူး။ ဘာလို့လဲဆိုတော့ သူက အင်း... အမ်ဘာပေဖြစ်နေလို့ပေါ့။ ဒါပေမယ့် အဲဒါက မိုလီနာနဲ့ တိုက်ပွဲမှာတော့ အဲဒါက အရမ်းစိတ်ဝင်စားစရာကောင်းစေပါတယ်"
၃။ လီယွန်နယ် မက်ဆီ-ချူအာမေနီ
"ချူအာမေနီက ပြင်သစ်အတွက် ကွင်းလယ်အထိုင်ကစားသမားအဖြစ် ကစားသွားမှာဖြစ်ပြီး အများအားဖြင့် အက်ဒရီယန် ရာဗီယိုနဲ့ပါ။ လီယွန်နယ် မက်ဆီက ဒီပြိုင်ပွဲမှာ အလွန်ကောင်းမွန်တဲ့အားထုတ်မှုပြုလုပ်ဖို့ လုပ်ခဲ့တဲ့အတိုင်း အဲဒီနေရာထဲကို ဆွဲဝင်လာတဲ့အခါကျရင် ဒီကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဓိကဧရိယာဖြစ်လာတော့မှာပါ။ မက်ဆီက ပွဲကြမ်းနေတဲ့အချိန်မှာ ပွဲစဉ်တွေရဲ့အစမှာ ငြိမ်သက်တိတ်ဆိတ်နေနိုင်ပါတယ်။ ဒါပေမယ့် ပွဲက တည်ငြိမ်သွားပြီး ဟာကွက်လေးတွေ နည်းနည်းပေါ်လာတာနဲ့ ခင်ဗျား သူ လှစ်ခနဲ ကျော်ပြီး လူအစုလိုက်အပြုံလိုက်ကို ဒုက္ခပေးတာကို မြင်ရတော့တာပဲ။ ချူအာမေနီနဲ့ အပေါင်းအပါတွေကတော့ လုပ်စရာ အလုပ်ကြီးတစ်ခု ရှိနေပါတယ်"