အင်ဒိုနီးရှားကတော့ ရေလည်ကြမ်းနေပါပြီ။

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ Zainudin Amali က လာမယ့် နိုင်ငံတကာခြေစမ်းပွဲတွေအတွက် သူတို့ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကို ချိတ်ဆက်နေတယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ဒါက အတည်မပြုနိုင်သေးပေမယ့် အာဆီယံဘောလုံးသတင်းရပ်ဝန်းမှာတော့ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ 

အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းကမှ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး ၂-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲမှာ မက်ဆီအပါအဝင် နာမည်ကျော်ကစားသမားတချို့ မပါဝင်ခဲ့ပေမယ့် အင်ဒိုနိးရှားအတွက် ကြီးမားတဲ့အတွေ့အကြုံတွေ ရရှိခဲ့တဲ့ ပွဲဖြစ်ပါတယ်။

အခုအခါမှာ ခရစ္စတီယာနိုရော်နယ်ဒို ဦးဆောင်နေတဲ့ ပေါ်တူဂီနဲ့ ခြေစမ်းပွဲနွှဲဖို့ ကြိုးစားလာတာပါ။ အာဂျင်တီးနားနဲ့ ကစားခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့လို့ ဒီသတင်းက မဟုတ်မှန်ဘူးလို့ ငြင်းဆိုဖို့ကလည်း ခက်ပါတယ်။ ဒါကြောင့် တကယ်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 

တကယ်လို့ သဘောတူညီမှုရရှိခဲ့မယ်ဆိုရင်လည်း ရော်နယ်ဒိုအပါအဝင် နာမည်ကျော်တွေ လိုက်ပါလာပါ့မလားဆိုတာကလည်း စိတ်ဝင်စားစရာကိစ္စပါ။ ပြီးခဲ့တဲ့ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲမှာတော့ မက်ဆီမပါဝင်လာခဲ့လို့ အင်ဒိုပရိသတ်တွေ စိတ်ပျက်ခဲ့ရပြီး သူတို့က အသင်းငယ်လေးမို့ ဒီလိုတွေ လုပ်တာလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ 


Share

Loading Next Article...
က္က