ဝန်ကြီးချုပ်နဲ့အတူ အစည်းအဝေးမှာရှိခဲ့တဲ့ အရာရှိထံမှာ COVID-19 ကူးစက်ခံရမှု စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် မူဟီဒင်ယာစင်ဟာ ၎င်းနဲ့အတူ အစည်းအဝေးမှာရှိခဲ့တဲ့ အစိုးရအရာရှိတစ်ဦး COVID-19 ကူးစက်ခံခဲ့ရကြောင်း သိရှိရပြီးနောက် ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်နေထိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။

(Photo: AFP)

ဝန်ကြီးချုပ်ယာစင်ကို စစ်ဆေးမှုအရ COVID-19 ကူးစက်ခံထားရခြင်း မရှိကြောင်း ယနေ့ (မေ ၂၂ ရက်) မနက်ပိုင်းမှ အဖြေထွက်ခဲ့တယ်လို့ သိရပါတယ်။ သို့သော် ဝန်ကြီးချုပ်ဟာ ယနေ့မှစပြီး ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်နေထိုင်သွားမယ်လို့ ၎င်းရဲ့ရုံးခန်းက သတင်းထုတ်ပြန်ပါတယ်။



"ဝန်ကြီးချုပ်က မေ ၂၀ ရက်နေ့မှာ ဝန်ကြီးချုပ်ရုံးမှာ အစိုးရအဖွဲ့အစည်းအဝေးအပြီး ပြန်လည် ဆန်းစစ်ဆွေးနွေးမှု အစည်းအဝေးတစ်ခု လုပ်ခဲ့ပါတယ်၊ ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အရာရှိတစ်ဦး COVID-19 ကူးစက်ခံရကြောင်း အတည်ပြုထားပါတယ်" လို့ ဝန်ကြီးချုပ်ရုံးထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: The Star)

ထိုအစည်းအဝေးကို တက်ရောက်ခဲ့သူအားလုံး COVID-19 စစ်ဆေးမှုလုပ်ရန်နဲ့ ၁၄ ရက် အသွားအလာ ကန့်သတ်နေထိုင်ရန် ညွှန်ကြားထားကြောင်းလည်း CNA သတင်းမှာ ဖော်ပြပါတယ်။ မလေးရှားဝန်ကြီးချုပ်ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးတိုင်းမှာ ခပ်ခွာခွာနေမှုနဲ့ သန့်ရှင်းရေးစီမံဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မလေးရှားနိုင်ငံမှာ ယနေ့ (မေ ၂၂ ရက်) ညနေပိုင်းအထိ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ ၇,၁၃၇ ဦး၊ သေဆုံးသူ ၁၁၅ ဦးနဲ့ ပြန်လည်သက်သာသူ ၅,၈၅၉ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က