အစပိုင်းကတော့ စိတ်ဆိုးတယ်တဲ့။

နှင်းဆီအဖွဲ့ထဲမှာဆိုရင် အစအခံရဆုံး မင်းသမီးက မေကဗျာလို့တောင် ပြောရမှာပါ။ အသားညိုတာကြောင့် အဖွဲ့ဝင်တွေဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗို၊မင်းမော်ကွန်း၊ ထွန်းထွန်း၊ရဲလေးတို့က အရမ်းစကြတယ်ဆိုတဲ့ ဆိုပါတယ်။

 

ညိုချောမင်းသမီးလေး မေကဗျာကတော့ အသားညိုလို့ အငြိမ့်ထဲမှာရော အပြင်မှာပါ အရမ်းအစခံရတယ်လို့ ဆိုပါတယ်။ အစပိုင်းကတော့ သူတို့စတာကို စိတ်ဆိုးတာမျိုး ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စိတ်ဆိုးဖို့တောင် မစဉ်းစားမိတော့ဘူးလို့ သူမက ပြောပါတယ်။

“အပြင်တွေ့လည်းစတယ်။သူတို့ရှုတင်ရောက်သွားရင်လည်းမေကဗျာ အသံကြားတယ်။ လူဘယ်မှာလဲ မသိဘူး ဆိုပြီး လိုက်ပြောတာ။ ကိုနေတိုးဆို အဆိုးဆုံးပဲ။ သမီးလေးက အဲဒီလိုစရင်မကြိုက်ဘူး။ သူတို့ကို ကြက်ဥနဲ့ ပေါက်မယ် ဘဲဥနဲ့ပေါက်မယ်ဆိုပြီးလုပ်တာ။သူတို့က လိုက်ချော့ရနဲ့ သမီးက အဲ့လိုစတာ မကြိုက်ဘူး။ စစဦးဆုံးတို့ကတော့ သူတို့တွေက တောက်လျှောက်ကြီးပြောတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ နောက်ပိုင်းကျတော့ခံနိုင်ရည်ရှိလာတယ်။အခုကျတော့ ဂရုကိုမစိုက်တော့ဘူး” ဆိုပြီး နှင်းဆီအဖွဲ့ ဝင်တွေ စနောက်တာနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

Photo : မေကဗျာ

အခုခေတ်မှာ အသားဖြူအောင်လုပ်တဲ့ နည်းလမ်းတွေ ရှိပေမယ့်လည်း သူမကတော့ အသားညိုတာကိုပဲ ကြိုက်တယ်လို့ ဆိုပါတယ်။

“ကိုယ့်ကိုကိုယ်မွေးကတည်းက အညိုပဲ  ကြိုက်တယ်။ အသားဖြူတဲ့သူကို ချစ်ပေမယ့် အသားဖြူတာကိုတော့ မကြိုက်ဘူး။ အသားဖြူအောင် လုပ်လို့ရတဲ့နည်းတွေအများကြီးရှိပေမယ့် မလုပ်ဘူး။အသားညိုတာကိုပဲ ကြိုက်လို့ ။ ကိုယ့်ရဲ့ မျက်နှာကလည်း ဖြူရင်လိုက်မှာ မဟုတ်ဘူးလေ။ ညိုတဲ့အရောင်နဲ့ပဲ လိုက်တဲ့မြန်မာမျက်နှာ ဖြစ်နေလို့လေ။ ဆိုတော့အသားညိုတာကို ကြိုက်တယ်။ ဆေးထိုးရတာတွေကိုလည်း ကြောက်တယ်။အဲ့ဒါကြောင့် အသားဖြူအောင်လည်းမလုပ်ရဲဘူး” လို့ သူမက စက်တင်ဘာ(၂၆) ရက်နေ့က ပြုလုပ်တဲ့ နှင်းဆီလှေ သတင်းစာရှင်းလင်းပွဲမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo : မေကဗျာ

မေကဗျာကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စက်ချုပ်လုပ်ငန်းကို ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် နှင်းဆီအဖွဲ့သားတွေနဲ့အတူ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က