အဆိုပါပွဲအပြီးမှာ ကွင်းအတွင်းကို မိန်းကလေးငယ်တစ်ဦးက ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ရော်နယ်ဒိုဆီ အပြေးရောက်လာခဲ့ကာ ကစားသမားကလည်း ပွေ့ဖက်နှုတ်ဆက်မှုတွေ ပြုလုပ်ပေးသွားခဲ့ပါတယ်။
အိုင်ယာလန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုက ပရိသတ်တွေချီးကျူးရမယ့် အပြုအမူတွေကို လုပ်ပြခဲ့ကာ အားလုံးရဲ့စိတ်နှလုံးကို ဖမ်းစားသွားခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာ ကွင်းအတွင်းကို မိန်းကလေးငယ်တစ်ဦးက ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ရော်နယ်ဒိုဆီ အပြေးရောက်လာခဲ့ကာ ကစားသမားကလည်း ပွေ့ဖက်နှုတ်ဆက်မှုတွေ ပြုလုပ်ပေးသွားခဲ့ပါတယ်။
စက်တင်ဘာလအတွင်းက ဒီနှစ်သင်းကစားခဲ့စဉ်မှာ ရော်နယ်ဒိုက နောက်ကျသွင်းဂိုး ၂ ဂိုးသွင်းယူကာ ပေါ်တူဂီအတွက် နိုင်ပွဲရယူပေးခဲ့ပြီး အိုင်ယာလန်ပရိသတ်တွေရဲ့ နံပါတ်တစ်ရန်သူဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း မနေ့ကပွဲမှာတော့ အလားတူစွမ်းဆောင်ရည်မျိုးကို ရော်နယ်ဒိုလုပ်ပြနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးပေါက်ပျောက်ခဲ့ရကာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေရခဲ့ပေမယ့်လည်း သူ လွဲချော်ခဲ့ရပါတယ်။
တဖက်မှာတော့ ရော်နယ်ဒိုက သူ့ကစားသမားဘ၀မှာ အမြဲတမ်းလိုလိုဂရုတစိုက်နဲ့ ပြုလုပ်လေ့ရှိတဲ့ ကလေးငယ်ပရိသတ်တွေအပေါ် ဂရုစိုက်မှုကို ပြသခဲ့ပါတယ်။ ကလေးငယ်တွေက သူ့ကိုနှုတ်ဆက်ဖို့ ကြိုးစားချိန်တိုင်းမှာ အတတ်နိုင်ဆုံးပြန်လည်ပြီး တွေ့ဆုံကာ ပွေ့ဖက်တာ၊ ဓာတ်ပုံအတူရိုက်ပေးတာ၊ လက်ဆောင်တွေပေးတာကို ပြုလုပ်လေ့ရှိတဲ့ အမူအကျင့်ကို အိုင်ယာလန်နဲ့ပွဲအပြီးမှာလည်း သူက ပြသသွားခဲ့တာဖြစ်ပါတယ်။