ပေါင်သန်း ၂ဝဝန်းကျင်နဲ့ကမ်းလှမ်းဖို့ရှိနေတာလည်းဖြစ်ပါတယ်။

လိုက်ပ်ဇစ်တိုက်စစ်မှူးတီမိုဝါလ်နာကို ခေါ်ယူနိုင်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေမှာ ထရာအိုရေးလ်ကိုခေါ်ယူဖို့အ တွက် လီဗာပူးတို့ ပြန်လည်အားစိုက်လာခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ ရာသီသစ်အတွက် အင်အားဖြည့်တင်းမှုအဖြစ် ဝုလ်ဗာဟမ်တန်အသင်းရဲ့ တိုက်စစ်မှူး ထရာအိုရေးလ်ကို ခေါ်ယူဖို့အတွက် ပိုမိုအားစိုက်လာခဲ့ပြီး လာမယ့်အပြောင်းအရွှေ့ကာလအတွင်းတရားဝင်က မ်းလှမ်းဖို့အထိရှိနေခဲ့ပြီဖြစ်တယ်လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်တဲ့အပြင်ကြံ့ခိုင်မှုအသားပေးကစား တတ်တဲ့ ထရာအိုရေးလ်ကို ခေါ်ယူလို့တဲ့အသင်းများစွာရှိနေခဲ့ပြီး လီဗာပူးအသင်းကတော့ ထိုက်တန်တဲ့ပြောင်း ရွှေ့ကြေးတစ်ရပ်နဲ့အတူ ကမ်းလှမ်းဖို့ရှိနေခဲ့တာပါ။



ဆာလက်ဒ်၊ ဖာမီနို၊ မာနေးလ်တို့ရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် ကစားသမားသစ်ရှာဖွေနေတဲ့ လီဗာပူးအ သင်းအနေနဲ့ ထရာအိုရေးလ်ကို အနာဂတ်ကစားသမားတစ်ဦးအဖြစ် ခေါ်ယူလိုနေတာဖြစ်ပြီး နည်းပြဂျာဂင်က လော့ပ်ကိုယ်တိုင်က အလိုရှိနေသူလည်းဖြစ်ပါတယ်။

Mirror ရဲ့ဖော်ပြချက်အရ လီဗာပူးအနေနဲ့ ထရာအိုရေးလ်ကို ခေါ်ယူဖို့အတွက် ဝုလ်ဗာဟမ်တန်အသင်းကသတ် မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့အသင့်ရှိနေခဲ့ပြီး မကြာမီတရားဝင်ကမ်းလှမ်းခြင်းနဲ့အတူ ဆွေးနွေမှုေ တွပြုလုပ်ဖို့လည်း ရှိနေတယ်လို့ အခိုင်အမာဖော်ပြထားပြန်ပါတယ်။

ဝုလ်ဗာဟမ်တန်အသင်းကတော့ အသင်းကြီးအချို့ရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ ရာအူးဂျီမီနက်ဇ်ကို လက်လွှတ်ရ ဖို့ရှိနေချိန်မှာ ထရာအိုရေးလ်ကိုပါ ထပ်ပြီးလက်မလွှတ်ရဖို့အတွက် အားစိုက်လာဖွယ်ရှိနေပြီး ကစားသမားဖြစ် သူကတော့ စပိ်န်လက်ရွေးစင်အသင်းမှာပါဝင်ခွင့်ရဖို့အတွက် အသင်းကြီးတစ်သင်းသင်းဆီကိုပြောင်းရွှေ့လိုတ ယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

Share

Loading Next Article...
က္က