စိုင်းစိုင်းကတော့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ASEAN JAPAN Music Festival ပွဲမှာ ဖျော်ဖြေတင်ဆက်ဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေ ပြီဖြစ်ပါ တယ်။ မြန်မာနိုင်ငံက ပရိသတ်တွေအတွက်ကိုလည်း အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဖျော်ဖြေပွဲ ကျင်းပပြုလုပ်မယ် လို့ သိရပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်
စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် ASEAN JAPAN Music Festival ပွဲကြီးမှာ ဖျော်ဖြေတင်ဆက် ဖို့အတွက် ဂျပန်နိုင်ငံကို အောက်တိုဘာလ ၁ ရက်နေ့ မနက်မှာပဲ ရောက်ရှိနေပြီလို့ သိရပါတယ်။ မြန်မာပရိသတ်တွေနဲ့ ဆုံဖို့ကိုလည်း ရင်တွေ ခုန်နေတယ်လို့ ဆိုပါတယ်။
'' ASEAN JAPAN Music Festival မှာ ဖျော်ဖြေရန် ဒီည Tokyo သွားပါမယ် ခင်ဗျာ'' ဆိုပြီးတော့ စက်တင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ၅၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် အောက်တိုဘာလ ၁ ရက်နေ့ မနက် ၄ နာရီ ၄၅ မိနစ်အချိန်မှာတော့ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီလို့ သိရပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်
ASEAN JAPAN Music Festival ပွဲကြီးမှာတော့ အာဆီယံနိုင်ငံအသီးသီးမှာ အောင်မြင်မှုရရှိနေကြတဲ့ အဆိုတော်တွေနဲ့ အတူ စိုင်းစိုင်းခမ်းလှိုင်က လည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ပါဝင် သီဆိုသွားမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကြီးကိုတော့ အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ မြန်မာပရိသတ် တွေ အတွက် ဖျော်ဖြေသွားမှာဖြစ်တယ် လို့ သိရပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်
ရှိုးပွဲလက်မှတ်တွေ ရောင်းအားကောင်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်
မြန်မာနိုင်ငံက ပရိသတ်တွေအတွက်ကိုလည်း အမျိုးသားကဇာတ်ရုံမှာ ဖျော်ဖြေပွဲ ကျင်းပသွားဦးမယ်လို့ မီဒီယာတွေ ကနေ တဆင့်ပြောပြ ခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကတော့ စက်တင်ဘာလ ၁၆ ရက် နေ့က စတင်ရောင်းချခဲ့တာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ လက်မှတ်အားလုံး ရောင်းလို့ ကုန်သွားတယ်လို့ ဆိုပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်
အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ တစ်ကိုယ်တော် ရှိုးပွဲအတွက် လက်မှတ်တွေကိုတော့ စက်တင်ဘာလ ၁၆ ရက်နေ့ ကစပြီး Junction City မှာ ရောင်းချ သွားမယ် လို့လည်း စိုင်းစိုင်းက ကြေညာခဲ့ပါတယ်။ သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Sai Sai is Sai Sai အခွေအသစ်ကိုတော့ ၂၀၁၈ ခုနှစ် မတ်လအတွင်းက ထွက်ရှိခဲ့ တာဖြစ်ပါတယ်။ ဒီအခွေကလည်း အရင်အခွေတွေထက် အောင်မြင်မှု တွေအများကြီး ပိုင်ဆိုင်ခဲ့ပါတယ်။