ကမ္ဘာထက်စာရင် အင်္ဂါဂြိုလ်နဲ့ ပိုနီးနေပြီ ဖြစ်ပါတယ်။

SpaceX ဒုံးပျံနဲ့ အာကာသထဲ လိုက်ပါသွားတဲ့ Tesla Roadster ဟာ ၄ နှစ်နီးပါးအကြာမှာ အာကာသထဲ မိုင်ပေါင်း ကုဋေ ၂၀၀ နီးပါး ခရီးဆန့်ခဲ့ပြီ ဖြစ်ပါတယ်။ 

၂၀၁၈ ခုနှစ်က အီလွန်မတ်စ်ပိုင် SpaceX Falcon Heavy Rocket နဲ့ အာကာသထဲ ပါသွားတဲ့ Tesla Roadster ဟာ အခုဆို အာကာသထဲ မိုင် ၂ ဘီလျံ (ကီလိုမီတာ ၃.၂ ဘီလျံကျော်) ခရီးရောက်ခဲ့ပြီလို့ Driven က ဖော်ပြပါတယ်။ ကမ္ဘာကနေဆို Tesla Roadster ဟာ မိုင်ပေါင်း ၂၃၄ သန်းအကွာအဝေးမှာ ရှိနေပြီ ဖြစ်ပါတယ်။ 



Photo: carscoops


လက်ရှိမှာ Tesla Roadster ကားဟာ ကမ္ဘာထက်စာရင် အင်္ဂါဂြိုလ်နဲ့ ပိုနီးကပ်လာနေပြီး အင်္ဂါဂြိုလ်ဆီကို တစ်နာရီ ကီလိုမီတာ ၂၈၆၈၂ ကီလိုမီတာနှုန်းနဲ့ ခရီးသွားနေတယ်လို့လည်း ဆိုပါတယ်။ Tesla Roadster ကားနဲ့ အင်္ဂါဂြိုလ်အကြား အကွာအဝေးကတော့ မိုင်ပေါင်းသန်း ၂၀၀ (ကီလိုမီတာသန်း ၃၂၀ ခန့်) ရှိပါတယ်။ 

ကားရဲ့ တည်နေရာလှုပ်ရှားမှုကို WhereisRoadster ဆိုတဲ့ ဝက်ဘ်ဆိုက်မှာလည်း လိုက်ပါကြည့်ရှုနိုင်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကတော့ အာကာသထဲမှာ SpaceX နဲ့အတူ ကားကို ထည့်ပေးလိုက်ပြီးနောက် လွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုက်လည်း ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ထဲက သတင်းအချက်အလက်အသစ်တွေကို NASA ကနေ တိုက်ရိုက် Live Update တင်ပေးနေတာပါ။ 

၄ နှစ်နီးပါး ကြာတဲ့အထိ Starman လို့ နာမည်ပြောင်ပေးထားတဲ့ အာကာသဝတ်စုံဝတ် လူပုံတူ ယာဉ်မောင်းရုပ်ထည့်ထားတဲ့ Tesla Roadster ဟာ အာကာသထဲ လွင့်မျောနေဆဲ ဖြစ်ပါတယ်။ အစောပိုင်းက Tesla Roadster မီးလောင် ပျက်စီးမှာပဲ ဆိုပြီး ခန့်မှန်းချက်တွေ ထွက်ခဲ့ပေမယ့် အံ့ဩစရာကောင်းအောင် အာကာသထဲမှာ ရှိနေသေးတာ ဖြစ်ပါတယ်။ ဒေါ်လာ ၁ သိန်းကျော်တန် ကားကို အာကာသထဲ ပို့တာကတော့ ထူးဆန်းတဲ့ စတန့်ထွင်မှုလို့ ဆိုရမှာပါ။ 

လက်ရှိအချိန်အထိဆို Tesla Roadster ဟာ နေကို ၂.၆ ကြိမ်ကျော် ပတ်ခဲ့ပြီ ဖြစ်လို့ ကမ္ဘာပေါ်က လမ်းအားလုံးမှာ အကြိမ်ရေ ၄၉.၅ ကြိမ် ပတ်ခဲ့တာနဲ့ ညီမျှတဲ့ မှတ်တမ်းပိုင်ဆိုင်ထားပါတယ်။ ၂၀၂ မှာ Tesla ကားဟာ ဂြိုလ်နီကြီးလို့ ခေါ်ကြတဲ့ အင်္ဂါဂြိုလ်နဲ့ ကီလိုမီတာ ၈ သန်းအကွာအထိ ရောက်ခဲ့ပါတယ်။ ဒါမျိုးနောက်ဂြိုလ်တစ်ခုနဲ့ နီးကပ်တဲ့အနေအထားအထိ ချဉ်းကပ်နိုင်ဖို့ ၂၀၃၅ ခုနှစ်အထိ ကြာနိုင်ပါတယ်။ 

Photo: pcmag

နက္ခတ္တပညာရှင်တွေကတော့ Tesla Roadster ဟာ ဈေးကြီးလှတဲ့ အာကာသအမှိုက်တစ်ခုထက် မပိုဘူးလို့ ယူဆထားကြပါတယ်။ အာကာသထဲ ဒီ Tesla ကားကို လွှင့်တင်ပြီး ရက်အနည်းငယ်အကြာမှာ ကော်နဲလ်တက္ကသိုလ်ကနေ ရိန်းဆိုတဲ့ နက္ခတ္တရူပဗေဒပါမောက္ခက ထုတ်ဝေတဲ့ စာတမ်းမှာ Tesla Roadster ဟာ နောင်အနှစ် ၁၅ သန်းမှာ ကမ္ဘာနဲ့ တိုက်မိနိုင်ခြေ ၂၂% ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်. 

Share

Loading Next Article...
က္က