Star Trek မင်းသားကြီးကတော့ အာကာသထဲ ရောက်ခဲ့ပါတယ်

၁၂ မိနစ်ကြာမယ့် အာကာသခရီးအတွက် ဒေါ်လာ ၂၈ သန်းပေးမှာ မဟုတ်ဘူးလို့ အော်စကာဆုရှင် မင်းသားကြီး တွမ်ဟန့်ခ်က ပြောပါတယ်။ 

Blue Origin အာကာသယာဉ်ပိုင်ရှင် သူဌေးကြီးဂျက်ဖ်ဘီဇော့စ်ဟာ ကုမ္ပဏီရဲ့အာကာသခရီးစဉ်မှာ လိုက်ပါဖို့ တွမ်ဟန့်ခ်ကို ကမ်းလှမ်းခဲ့တာပါ။ ကမ်းလှမ်းခဲ့တယ်ဆိုပေမယ့် အလကားတော့လည်း မဟုတ်ပါဘူး။ ဒီအကြောင်းကို တွမ်ဟန့်ခ်က အင်္ဂါနေ့မှာ လုပ်ခဲ့တဲ့ Jimmy Kimmel Live မှာ ပြန်ပြောခဲ့တာ ဖြစ်ပြီး ဘီဇော့စ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းခဲ့တယ်လို့ ဆိုပါတယ်။ 





"ဘယ်လောက်ကုန်မလဲဆိုတော့ ဒေါ်လာ ၂၈ သန်း အဲ့လောက်ကုန်မယ်တဲ့။ ကျွန်တော်က ငွေရေးကြေးရေးအဆင်ပြေပါတယ်။ ဒါပေမယ့် ဒေါ်လာ ၂၈ သန်းပေးမှာ မဟုတ်ပါဘူး။ ခင်ဗျားသိမှာပါ။ ကျွန်တော်တို့ အခုချက်ချင်း အာကာသထဲ ရောက်နေတဲ့အတွေ့အကြုံမျိုးကို ဖန်တီးလို့ရတာပဲ"လို့ အသက် ၆၅ နှစ်အရွယ် မင်းသားကြီးတွမ်ဟန့်ခ်က ပြောပါတယ်။

Finch ရုပ်ရှင်သစ် ပရိုမိုးရှင်းအတွက် ရောက်လာတဲ့ မင်းသားကြီးက အာကာသယာဉ်ထိုင်ခုံပေါ်မှာ တုန်ခါနေသလိုမျိုး လုပ်ပြပြီး "ကျွန်တော့်ပိုက်ဆံ ဒေါ်လာ ၂၈ သန်းကို ဒါမျိုးလုပ်ဖို့ သုံးစရာမလိုပါဘူး။" လို့ ဆိုပါတယ်။

သူဟာ Star Trek သရုပ်ဆောင် ဝီလျံရှက်တ်နာရဲ့ အရင် Blue Origin ကုမ္ပဏီရဲ့ အာကာသခရီးစဉ်အတွက် ကမ်းလှမ်းခြင်းခံရတာပါ။ အသက် ၉၀ အရွယ် Star Trek မင်းသားကြီးကတော့ Blue Origin အာကာသယာဉ်နဲ့ ပြီးခဲ့တဲ့လထဲမှာ လိုက်ပါခဲ့တာ ဖြစ်လို့ အာကာသထဲ သွားခဲ့တဲ့ အသက်အကြီးဆုံးပုဂ္ဂိုလ်စာရင်းဝင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က