ယနေ့မနက် ဘေဂျင်းစံတော်ချိန် ၉ နာရီ ၅၈ မိနစ်အချိန်မှာ အာကာသစခန်းကို ရောက်ရှိသွားခဲ့ပါတယ်

တရုတ်နိုင်ငံရဲ့ အာကာသစခန်းမှာ ခြောက်လကြာ နေထိုင်သွားမယ့် အာကာသယာဥ်မှူး သုံးဦးပါအဖွဲ့တစ်ဖွဲ့ အာကာသစခန်းသို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်

(Photo: Xinhua)

ယခုခရီးစဥ်ဟာ အာကာသအတွင်း တရုတ်အာကာသယာဥ်မှူးများ အချိန်ကာလအရှည်ကြာဆုံး နေထိုင်မှုအဖြစ် စံချိန်တင်ရန်လည်း စီစဥ်ထားပါတယ်။ တရုတ်အာကာသယာဥ်မှူးသုံးဦး လိုက်ပါသွားတဲ့ Shengzhou-13 အာကာသယာဥ်ကို ဒေသစံတော်ချိန် ယနေ့ (အောက်တိုဘာ ၁၆ ရက်) မနက်အကူး ၀၀း၂၅ မိနစ်က Long March-2F ဒုံးပျံဖြင့် ဂိုဘီသဲကန္တာရအတွင်းရှိ Jiuquan Satellite Launch Cente ကနေ လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။



ဒုံးပျံလွှတ်တင်ခဲ့ပြီးနောက် အာကာသယာဥ်မှူးတွေ အဆင်ပြေခဲ့ကြပြီး လွှတ်တင်မှုဟာ အောင်မြင်ပြီးမြောက်ခဲ့ကြောင်းနဲ့ Tianhe အာကာသစခန်းကို ယနေ့မနက် ဘေဂျင်းစံတော်ချိန် ၉ နာရီ ၅၈ မိနစ်အချိန်မှာ ရောက်ရှိသွားပြီလို့ China Manned Space Agency (CMSA) က ပြောပါတယ်။

(Photo: Xinhua)

အာကာသယာဥ်မှူးတွေဖြစ်ကြတဲ့ Zhai Zhigang ၊ Wang Yaping နဲ့ Ye Guangfu တို့ အာကာသစခန်းထဲကို ဝင်ရောက်သွားခဲ့ကြပြီလို့လည်း CMSA က ဓာတ်ပုံများနဲ့အတူ ထုတ်ပြန်ပါတယ်။ ယခုအာကာသယာဥ်မှူးတွေဟာ တရုတ်အာကာသစခန်းကို ရောက်ရှိခဲ့ကြတဲ့ ဒုတိယအဖွဲ့ဖြစ်ပြီး ၎င်းတို့အနက် Wang Yaping ဟာ အာကာသစခန်းမှာ နေထိုင်သွားမယ့် ပထမဆုံး တရုတ်အမျိုးသမီး အာကာသယာဥ်မှူး ဖြစ်လာပါတယ်။ ၎င်းတို့ဟာ အာကာသစခန်းတည်ဆောက်ရေး လုပ်ငန်းတွေကို စီစဥ်ထားတဲ့အတိုင်း လုပ်ဆောင်သွားကြမယ်လို့ CMSA က ပြောပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က