နိုင်ငံတကာအာကာသစခန်းကနေ ထွက်ခွာလာခဲ့ကြပြီး ကာဇက်စတန်မှာ ဆင်းသက်ရောက်ရှိခဲ့ကြပါတယ်

အာကာသထဲမှာ ပထမဆုံး ရိုက်ကူးတဲ့ရုပ်ရှင်အတွက် ဇာတ်ဝင်ခန်းတွေကို နိုင်ငံတကာအာကာသစခန်းမှာ သွားရောက်ရိုက်ကူးခဲ့ပြီးနောက် ရုရှားရုပ်ရှင်အဖွဲ့ ကမ္ဘာမြေပြင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီလို့ ရုရှားအာကာသအေဂျင်စီ Roscosmos က ပြောပါတယ်။

(ဒါရိုက်တာနဲ့ မင်းသမီးကို ISS ရှိ အာကာသယာဥ်မှူးတွေနဲ့အတူ တွေ့ရစဥ်) (Photo: Roscosmos)

ဒါရိုက်တာ Klim Shipenko နဲ့ မင်းသမီး Yulia Peresild တို့ဟာ အာကာသယာဥ်မှူး Oleg Novitsk မောင်းနှင်တဲ့ Soyuz MS-18 အာကာသယာဥ်ဖြင့် နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) ကနေ ထွက်ခွာလာခဲ့ကြပြီး ကာဇက်စတန်မှာ ဆင်းသက်ရောက်ရှိခဲ့ကြပါတယ်။



ဇာတ်ဝင်ခန်းရိုက်ကူးရစဥ် သောကြာနေ့ (အောက်တိုဘာ ၁၅ ရက်) က ISS မှာ မမျှော်လင့်ဘဲ ချို့ယွင်းချက်တစ်ခုဖြစ်ပေါ်ခဲ့ရာ ရိုက်ကူးရေးကို ခေတ္တရပ်နားခဲ့ရသေးပြီး စိန်ခေါ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ရုရှား ရုပ်ရှင်အဖွဲ့ဟာ ကာဇက်စတန်ရှိ Baikonur အာကာသခရီးစဥ် လွှတ်တင်ရေးစခန်းကနေ Soyuz MS-19 အာကာသယာဥ်ဖြင့် အောက်တိုဘာ ၅ ရက်နေ့က ထွက်ခွာသွားခဲ့ကြတာ ဖြစ်ပါတယ်။

(ကမ္ဘာမြေပြင်သို့ပြန်ရောက်လာသည့် မင်းသမီး Yulia Peresild) (Photo: Roscosmos)

ထိုစဥ်ကလည်း ရုရှားအာကာသယာဥ်ဟာ ISS သို့ ချဥ်းကပ်စဥ် ၎င်းရဲ့ Kurs အလိုအလျောက် ချိတ်ဆက်ဆိုက်ကပ်မှုစနစ် အလုပ်မလုပ်တာကြောင့် အာကာသယာဥ်မှူး Anton Shkaplero က ကိုယ်တိုင် ထိန်းချုပ်ချိတ်ဆက်ခဲ့ပါတယ်။ အာကာသထဲမှာ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေ ရိုက်ကူးပြီးနောက် ဒါရိုက်တာနဲ့ မင်းသမီးတို့ ကမ္ဘာမြေပြင်ကို ပြန်လာခဲ့ကြပေမဲ့ အာကာသယာဥ်မှူး Anton Shkaplero ကတော့ ISS မှာ ဆက်နေခဲ့ပါတယ်။

ISS မှာ ရုပ်ရှင်ရိုက်ကူးမယ့် ဒါရိုက်တာ Klipenko ဟာ အာကာသခရီးစဥ် မတိုင်မီ ကိုယ်အလေးချိန် ၃၃ ပေါင်အထိ လျှော့ချခဲ့ရကြောင်း ၎င်းရဲ့ဇနီး မင်းသမီး Sofia Karpunina က ဆိုပါတယ်။ အမေရိကန် ရုပ်ရှင်မင်းသား တွမ်ခရုဇ်နဲ့ NASA အာကာသအေဂျင်စီတို့ကလည်း အာကာသစခန်းမှာ ရုပ်ရှင်ရိုက်ကူးရန် စီစဥ်နေကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က