အေဘရာဟမ်ကို အနီမထိအောင် ဆွဲခေါ်ခဲ့ရတာပါ။

မနေ့က ကစားခဲ့တဲ့ ရိုးမားနဲ့ အေစီမီလန်ပွဲကတော့ အကြိတ်အနယ်ဖြစ်ခဲ့ပြီး အိမ်ရှင်အေစီမီလန်က ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ မော်ရင်ဟိုကတော့ အသင်းရှုံးပွဲကြုံတွေ့ခဲ့တဲ့အပြင် အသင်းပရိသတ်တွေက ပြိုင်ဘက်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်ကို လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခဲ့လို့ တားမြစ်ခဲ့ရပြီး တော်တော်လေးစိတ်ညစ်ခဲ့ရတဲ့ ပွဲဖြစ်ခဲ့ပါတယ်။ 

ဒါ့အပြင် ဒီပွဲမှာတော့ မော်ရင်ဟိုဟာ သူ့ရဲ့ကစားသမား အီဘရာဟမ်အနီကတ်အပြမခံရဖို့အတွက် ကွင်းထဲအထိတောင် ပြေးဝင်သွားခဲ့ရပြီး ကာကွယ်ပေးခဲ့ရပါသေးတယ်။ ပွဲကြမ်းခဲ့တာနဲ့အညီ နှစ်ဖက်ကစားသမားတွေကြားမှာ အငြင်းပွားမှု၊ အချင်းများမှုတွေဖြစ်ခဲ့ပြီး မော်ရင်ဟိုက အေဘရာဟမ်ကို လူအုပ်နဲ့ဝေးရာဆီကို ခေါ်ထုတ်ခဲ့ရပြီး ကာကွယ်ပေးခဲ့ရတာလို့သိရပါတယ်။ 

အေဘရာဟမ်ဟာ ပွဲအစ ၇ မိနစ်မှာကတည်းက အဝါကတ်ပြသခံထားရပြီးဖြစ်ကာ အသင်းအတွက် တလုံးတည်းသောချေပဂိုးကို သွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။ နှစ်ဖက်အသင်း ရန်ဖြစ်နေချိန်မှာ အေဘရာဟမ်လည်း ဝင်ပါခဲ့ပြီး သူ့ကစားသမားအနီကတ်ထိမှာစိုးလို့ မော်ရင်ဟိုက ဝင်ပြေးလာခဲ့ပြီး အားလုံးနဲ့ဝေးရာကို တွန်းထုတ်ပစ်ခဲ့ကာ အထုတ်မခံရစေဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။ 



ဒါပေမယ့်လည်း အေစီမီလန်က နောက်ထပ်တဂိုးထပ်မံသွင်းယူခဲ့ပြီး ၃-၁ နဲ့ အနိုင်ရရှိသွားကာ ရိုးမားဘက်က ကစားသမား ၂ ဦးအထိ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီရှုံးပွဲနဲ့အတူ မော်ရင်ဟိုရဲ့ အသင်းဟာ အဆင့် ၇ နေရာအထိ ရောက်ရှိသွားခဲ့ပြီး လာမယ့်ရာသီမှာ ဥရောပပွဲတွေ ဝင်ကစားခွင့်ရဖို့အတွက် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ လာမယ့်ပွဲအဖြစ်လည်း သူတို့က ဂျူဗီနဲ့ ကစားရမှာဖြစ်လို့ အနိုင်ရဖို့ အားကုန်ထုတ်ရဖို့ရှိနေပါတယ်။ 

Share

က္က