အားကစားလုပ်ခြင်းကြောင့် ရလာတဲ့အကျိုးကျေးဇူးတွေထဲမှာ အဓိကကျတဲ့ အချက်ကိုတော့ သိရှိတဲ့ နည်းနေပါသေးတယ်။

အားကစားလေ့လာလိုက်စားကြတဲ့ သူတွေဟာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကျန်းမာသန်စွမ်းကြသလို ခန္ဓာကိုယ်အချိုးအစား လှပမှုကြောင့် လူအများရဲ့ အထင်ကြီးမှုကိုလည်း ရကြလေ့ရှိပါတယ်။ ဒါပေမဲ့ အားကစားလုပ်ခြင်းကြောင့် ရလာတဲ့အကျိုးကျေးဇူးတွေထဲမှာ အဓိကကျတဲ့ အချက်ကိုတော့ သိရှိတဲ့ နည်းနေပါသေးတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာသန်စွမ်းစေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ အထောက်အကူပြုပါတယ်။ လေ့လာချက်တွေအရ လေ့ကျင့်ခန်းပုံမှန်ပြုနေသူတွေဟာ ပုံမှန်ဘာတစ်ခုမှလုပ်မနေသူတွေထက် စိတ်ကျရောဂါရနိုင်ခြေ ၃၀% အထိ နည်းပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ကိုယ်ရဲ့လူနေမှုဘဝမှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ စိုးရိမ်သောက နည်းပါးခြင်းမှသည် ပျော်ရွှင်လာခြင်းတွေ ဖြစ်လာတဲ့အခါ နေရတာပျော်လာမှာဖြစ်ပါတယ်။

ဒါကြောင့် ဘယ်လိုမျိုးလေ့ကျင့်ခန်းမျိုးတွေဟာ မိတ်ဆွေတို့ရဲ့ စိတ်ကျန်းမာရေးကို အထောက်အပံ့ ဖြစ်စေတယ်ဆိုတာကို Real Fitness မှ နည်းပြတွေကရှင်းပြပေးထားတာလေးကို ပြန်လည်ဝေမျှပေး ချင်ပါတယ်။

ယောဂပြုလုပ်ခြင်း

ယောဂပြုလုပ်ခြင်းဟာ စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်မှု အားကောင်းစေတယ်ဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ ယောဂလေ့ကျင့်ခန်းဟာ အသက်ရှုခြင်းဆိုင်ရာလေ့ကျင့်ခန်းနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုများကို ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်အတွက် အကျိုးရရှိစေသလို စိတိဖိစီးမှုတွေကိုလျှော့ချပေးပြီး စိတ်တည်ငြိမ်မှုကိုရရှိစေမှာပါ။

လမ်းလျှောက်ခြင်း ၊ ပြေးခြင်း

လေ့ကျင့်ခန်းတွေထဲမှာမှ အလွယ်ကူဆုံးနဲ့ အချိန်မရွေးပြုလုပ်လို့ရတဲ့ အားကစားတခုဖြစ်ပါတယ်။ သို့သော် Gymမှာလဲ နာရီပေါင်းများစာွအချိန်ပေးစရာမလိုပဲ ပုံမှန်တနေ့ကို ၁၀ မိနစ်လောက်လမ်းလျှောက်ပေးခြင်းဖြင့် စိတ်ကိုအပန်းပြေကျန်းမာစေတယ့်အပြင် သဘာဝတရားနဲ့ နီးနီးကပ်ကပ်နေရတဲ့ အတွက် စိတ်ကိုကြည်လင်သန့်ရှင်းစေပါတယ်။ သိပ်မပြင်းထန်တဲ့ အေရိုးဗစ်လှုပ်ရှားမှုများ ဟာအပြုသဘောဆောင်တဲ့ အတွေးများကိုအားပေးပြီး နိုးနိုးကြားကြားရှိစေဖို့ အကောင်းဆုံးလေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

HIIT Training (အချိန်တခုအတွင်းပြင်းပြင်းထန်ထန်လေ့ကျင့်ရသော အားကစားမျိုး)

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေဟာ စိတ်ဖိစီးမှုဖြစ်ခြင်း ကိုကာကွယ်ပေးနိုင်သည် ့အပြင် ခန္ဓာကိုယ်ကို

လည်း ကြ့ံခိုင်သန်စွမ်းစေပါတယ်။ ပြဿနာတွေကိုပူပင်နေမဲ့အစားသင့်ရဲ့စွမ်းရည်တွေကို HITT Training ထဲမှာစိတ်နှစ်ကာလိုချင်တဲ့ target ကိုရယူရင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာအောင်ပြုပြင်လို့ရပါတယ်။ မိမိစိတ်ပိုင်းဆိုင်ရာကျန်မာရေးအတွက်အချိန်အနည်းငယ်ပေးခြင်းအားဖြင့် အကျိုးကျေးဇူးများစွာ ကိုရရှိနိုင်မှာပါ။

ကခုန်ခြင်း

မြူးကြွတဲ့တီးလုံးသံတွေကြား ကခုန်နေခြင်းဟာ သင့်ရဲ့စိတ်ကိုပျော်ရွှင်မှုတွေပြန်လည်ရရှိစေမှာပါ။ ကခုန်နေစဉ်အတွင်း တီးလုံးအသံလေးတွေကြောင့် စိတ်ပျော်ရွှင်မှုရစေတဲ့အပြင် ကကွက်တွေကို လေ့လာမှတ်သားနေရတာဖြစ်တဲ့အတွက် အာရုံစူးစိုက်မှုအားလည်းကောင်းစေပါတယ်။ Zumba, Ballet Dance, Hip Hop Dance စသဖြင့် ကခုန်ခြင်းဆိုင်ရာလေ့ကျင့်ခန်းအမျိုးအစား အများကြီးရှိတဲ့အနက် ကိုယ်အားသန်ရာ အမျိုုးအစားကိုရွေးချယ်ပြီး ကစားနိုင်ပါတယ်။

လက်ဝှေ့ထိုးခြင်း

ကိုယ်စိတ်တိုနေတဲ့အချိန် စိတ်ဖိစီးမှုဖြစ်နေတဲ့အချိန်တွေမှာ ကိုယ်ရဲ့ဒေါသတွေအကုန်လုံးကို သဲအိတ်ပေါ်သွန်ချလိုက်ပါ။ သင်စိတ်ပြေသွားမှာအသေအချာပါပဲ။ ယခုဆိုရင် လက်ဝှေ့ထိုးခြင်းဆိုင်ရာ ပညာရပ်ကို နေရာတော်တော်များများမှာ သင်ယူလို့ရတဲ့လာတာတဲ့အတွက် စနစ်တကျသေသေချာချာ ကစားလို့ရသလို ကျွမ်းကျင်နည်းပြတွေရဲ့အကူအညီနဲ့လည်း ကစားလို့ရပါတယ်။ လက်ဝှေ့လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ပြီးသားဖြစ်သလို စိတ်ဖိစီးမှုတွေလည်း လျော့ကျသွားနိုင်စေမှာပါဖြစ်ပါတယ်။

ဘယ်လိုလေ့ကျင့်ခန်းအမျိုးအစားမဆို အကျိုးကျေးဇူးများစေပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့ သင့်တော်ပြီး လိုက်ဖက်တဲ့ လေ့ကျင့်ခန်းအမျိုးအစားကိုရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ကိုပျော်ရွှင်စေတဲ့အရာ ကိုယ်သဘောကျတဲ့အရာတွေကိုလုပ်မှ စိတ်ပိုင်းဆိုင်ရာကျန်းမာစေမှာပါ။ ကိုယ်ကျန်းမာမှ စိတ်ကျန်းမာ သလို စိတ်ကျန်းမာမှ ကိုယ်ကျန်းမာနိုင်မှာပဲဖြစ်ပါတယ်။

Gym နဲ့ပတ်သက်တဲ့ Tips တွေ အကြံဉာဏ်တွေကို Real Fitness Signature ရဲ့ Facebook Page => https://www.facebook.com/SignatureRealFitness/ မှာလည်းထပ်မံလေ့လာလို့ရပါတယ်။

(ဒီဆောင်းပါးကို ရန်ကုန်မြို့ရဲ့နိုင်ငံတကာအဆင့်မီ gym တစ်ခုဖြစ်တဲ့ Real Fitness မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က