ဒီနေ့ခေတ်မှာ လူကြီး၊လူငယ်မရွေး များပြားလှတဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေ၊ အလုပ်ချိန်ဇယားတွေနဲ့ ရုန်းကန် လှုပ်ရှားနေကြ ရပါတယ်။ ဒီလို လှုပ်ရှားနေကြရတာနဲ့ အမျှ စိတ်ဖိစီးမှုများစွာကိုလည်း ခံစားနေကြရပါတယ်။ ဒီလိုစိတ်ဖိစီးမမှုတွေကို ဖြေဖျောက်ဖို့အတွက် လူများစွာဟာ မတူညီတဲ့ နည်းလမ်းတွေနဲ့ စိတ်ထွက်ပေါက်တွေ ရှာဖွေကြပါတယ်။ ဥပမာအားဖြင့် ခရီးထွက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ သူငယ်ချင်းများနဲ့ တွေ့ဆုံခြင်းစတဲ့ နည်းလမ်းတွေနဲ့ မိမိတို့ရဲ့ စိတ်ပင်ပန်း နွမ်းနယ်မှုများကို ဖြေဖျောက်နေကြပါတယ်။ ဒါပေမဲ့ ဒီအချက်တွေအပြင် လူအများစုလုပ်ဖို့ မေ့နေကြတဲ့ နောက်ထပ် နည်းလမ်းတစ်မျိုးကို မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ အားကစားလုပ်ခြင်းဖြင့် မိမိရဲ့ စိတ်ဖိစီးမှုများ၊ စိတ်ပင်ပန်းမှုများကို ဖြေဖျောက်တဲ့နည်းပဲ ဖြစ်ပါတယ်။
အားကစားတစ်ခုခု ပြုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်မှ အောက်ဆီဂျင်အသုံးပြုနှုန်းတိုးတက်စေတဲ့ အပြင် သွေးလည်ပတ််မှုအားလည်းကောင်းစေပါတယ်။ ဒီလိုနှလုံးခုန်နှုန်း သွေးလည်ပတ်မှုမြင့်တက်လာတဲ့ အခါ ဦးနှောက်မှ Endrophins ဆိုတဲ့ ဓာတ်တစ်မျိုးထုတ်လှွတ်ပေးပါတယ်။ Endrophins ဆိုတာက လွယ်လွယ်ပြောရရင် “ Feeling Good” ဆိုတဲ့ခံစားချက်မျိုးပါ။ ကိုယ့်ရဲ့ ခံစားချက်ကောင်းနေမှတော့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်တာတွေ၊ ယုံကြည်ချက်မရှိတာတွေ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ အနည်းဆုံးတော့ ငါဒီနေ့လေ့ကျင့်ခန်းလုပ်ထားတယ် ချွေးထွက်အောင်ဆော့ထားတယ်ဆိုပြီး တစ်နေ့တာလုံး တက်ကြွနေမှာ ပဲဖြစ်ပါတယ်။
လူ့ခန္ဓာကိုယ်ဟာ စိတ်ဖိစီးမှု များတဲ့ အချိန်၊ ဒေါသ ထွက်ချိန်တွေမှာ Cortisol ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။ ဒီ Cortisol ဆိုတဲ့ ဟော်မုန်းဟာခန္ဓာကိုယ်မှာ ရှိသင့်တာထက် ပိုများနေမယ်ဆိုရင်တော့ အချိန် ကြာလာတဲ့နဲ့ အမျှ အောက်ပါဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။
၁။ အဝလွန်ခြင်း၊
၂။ စိတ်ဓာတ်ကျခြင်း၊
၃။ ခေါင်းကိုက်ခြင်း၊
၄။ Heart Disease (နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါများ)
၅။ အိပ်မရဖြစ်ခြင်း၊
၆။ မှတ်ဉာဏ် အားနည်းခြင်းနှင့် အာရုံစူးစိုက်မှု လျှော့ကျခြင်း၊
၇။ Digestive Problem (အစာကြေခြင်းနှင့် ဆိုင်သော ပြဿနာများ)
ဒီဆိုးကျိုးများကို အားကစားလုပ်ခြင်းဖြင့် လျှော့ချနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့စည်းတစ်ခုဖြစ်တဲ့ World Health Organization (WHO) ကနေပြီး အရွယ်ရောက်ပြီးသား လူတွေအနေနဲ့ ကျန်းမာရေးကောင်းတဲ့ ခန္ဓာကိုယ် ဖြစ်ချင်တယ်ဆိုရင် တစ်ပတ်မှာ အနည်းဆုံး မိနစ် (၁၅၀)၊ တစ်နေ့ကို (၂၁)မိနစ်ခန့် အားကစားလုပ်ပေးသင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နေ့စဉ် အားကစားကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဒီ Cortisol ဆိုတဲ့ ဟော်မုန်းကို လျှော့ချပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်က နေပြီး Endorphins, Estrogen, Dopamine, Growth Factors and Serotonin ဆိုပြီး စတဲ့ လူခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ ဟော်မုန်းများကိုလည်း ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းဟာဆိုရင် ခန္ဓာကိုယ်အတွက် အောက်ပါ ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါတယ်။
၁။ စိတ်ပျော်ရွှင်စေခြင်း၊
၂။ အဆီချေဖျက်မှုအားကောင်းခြင်း၊
၃။ သွေးလည်ပတ်မှုကောင်းခြင်း၊
၄။ Muscle ကြီးထွားမှုကို အားပေးခြင်း၊
၅။ မှတ်ဉာဏ်အားကောင်းခြင်း၊
၆။ နာကျင်မှုများကို လျော့ချပေးခြင်း (Muscle Pain)
၇။ ကောင်းမွန်စွာ အိပ်ပျော်ခြင်း စတဲ့ အကျိုးကျေးဇူးများစွာ တစ်နေ့ကို အချိန်လေး (၂၁) မိနစ်ပေးရုံနဲ့ ရရှိနိုင်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဖြေဖျောက် နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတဲ့ အထဲကမှ ဒီလို အားကစား လုပ်ပြီး ဖြေဖျောက်မယ်ဆိုရင် စိတ်ဖိစီးမှုများလည်း ပြေပျောက်သလို၊ ငယ်ရွယ်နုပျို လှပေစေမှာလည်း ဖြစ်ပါတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ သိကြတဲ့အတိုင်း ကိုယ့်ရဲ့ တစ်နေ့တာ အချိန်ထဲကနေ အချိန်တစ်ခုပေးပြီး အားကစား လုပ်ကြပါလို့လည်း တိုက်တွန်းလိုပါတယ်။
အားကစားလုပ်ခြင်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိချင်ရင်တော့ Real Fitness Gym Center မှာအခမ ဲ့ တိုင်ပင်ဆွေးနွေးနိုင်ကြောင်းလည်းသတင်းကောင်းပါးချင်ပါတယ်။ ။ Real Fitness Gym မှ Trainerတွေက မိမိနဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို အကြံပြုဆွေးနွေးပေးမှာပါ။ Real Fitness Gym အကြောင်း အသေးစိတ်အချက်အလက်တွေကိုတော့ သူတို့ရဲ့ Facebook Page => https://www.facebook.com/SignatureRealFitness/ မှာသွားရောက်လေ့လာနိုင်ပါတယ်။
Share