တစ်ခါတလေ ပီယာနိုလည်း တီးတယ်။

ထွန်းအိန္ဒြာဗိုလ်ရဲ့သားလေးကတော့ အားကစားမှာ အရမ်းထူးချွန်သူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ အနုပညာအလုပ်လုပ်ဖို့တော့ အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။

Photo: Mi Mi Khine



သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ သူမရဲ့ တစ်ဦးတည်းသော သားလေး အောင်ဗိုလ်ကောင်းသန့်အကြောင်း ပြောပြလာပါတယ်။ သားလေးဟာ ဂီတနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုမရှိသေးတဲ့အကြောင်းမီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“အခု သားလေး လုပ်နေတာတွေ အားလုံးက ဥပမာ-ကျောင်းမှာ အားကစားလုပ်တာပဲဖြစ်ဖြစ်၊ အပြင်မှာ ဂေါ့ဖ် ရိုက်တာပဲဖြစ်ဖြစ်၊ တခြား အနုပညာအလုပ်တွေပဲဖြစ်ဖြစ် လုပ်နေတာပေါ့နော်။ အနုပညာအလုပ်ဆိုတာက ပီယာနိုတီးတာကို ပြောတာပါ။ သူက သီချင်းလည်း မဆိုနိုင်ပါဘူး။ အဲဒါတွေကလည်း မိဘအစီအစဉ်နဲ့ပဲသွားနေတာပါ။ သူ စိတ်ပါလွန်းလို့ ရွေးချယ်ထားတာ မဟုတ်သေးပါဘူး” လို့ သူကဆိုပါတယ်။

Photo: Mi Mi Khine

ထွန်းအိန္ဒြာဗိုလ်ရဲ့သားလေးဟာ Goft နဲ့ ပတ်သက်ပြီး အရမ်းကို ဝါသနာကြီးသူ တစ်ဦးဖြစ်သလို မိဘများကလည်း သားလေးရဲ့ ဝါသနာကို အပြည့်အဝထောက်ပံ့ပေးထားတာ တွေ့ရပါတယ်။  အောင်ဗိုလ်ကောင်းသန့်ဟာ Golf ပြိုင်ပွဲတွေ တော်တော်များများမှာ ဝင်ရောက်ယှဉ်ပြိုင် ဖြစ်သလို ဆုတွေလည်း ရရှိဖူးသူပါ။ အသက်(၁၂)နှစ်နဲ့အောက်ကျောင်းသား ဂေါ့(ဖ်)ပြိုင်ပွဲမှာလည်း ထွန်းအိန္ဒြာဗိုလ်သားလေးက ပထမဆုရခဲ့ဖူးပါသေးတယ်။ သားလေးအတွက် အမြဲတမ်းဂုဏ်ယူနေရတဲ့ မေမေ တစ်ယောက်ပါ။

Photo: Mi Mi Khine

ထွန်းအိန္ဒြာဗိုလ် ဟာ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။သူမဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က