ပြေတီဦးက တင်းနစ်မှာရော၊ ဂေါက်ရိုက်တာပါ ကျွမ်းကျင်သူဖြစ်ပါတယ်။

ပြေတီဦးဟာ အနုပညာအပိုင်းသာမက အားကစားမှာပါ ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီအတွက် ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်ကလည်း ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

Photo: Amazaing



ပြေတီဦးဟာ သရုပ်ဆောင်လောကမှ အကယ်ဒမီဆုတွေ ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါ တယ်။ ဒါ့အပြင် သူဟာ အားကစားမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်သလို အားကစားနဲ့ပတ်သက်ပြီး ပိုင်ဆိုင်ခွင့်ရတဲ့ ဆုတွေကိုလည်း တန်ဖိုးထားတဲ့ အကြောင်း Duwun Media ကနေ ပြောပြလာပါတယ်။

‘’ အားကစားဆုတွေကတော့ ဦးတီဘဝမှာ အရမ်းတန်ဖိုးထားတယ်။ အားကစားက ဦးတီ မွေးလာကတည်းက အသွေးထဲ အသားထဲကိုက ပါလာတဲ့ Talent ပေါ့။ အားကစားနဲ့ပတ်သက်လာရင် သူများထက်ပိုပြီးတော့ တတ်တာ မြန်တယ်။ ကျွမ်းကျင်တယ်။ အားကစားနဲ့ပတ်သက်တဲ့ ဆုတွေကို အရမ်းသဘောကျတယ်၊ ကြိုက်တယ်။ တစ်နှစ်မပြည့်ခင် Goft မှာ ဆု ၂ ဆုရတယ်’’ လို့ သူကဆိုပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်

လက်ရှိမှာလည်း အိမ်မှာ အနားယူနေတာဖြစ်တဲ့အတွက် ဂေါက်ရိုက်လိုက်၊ မိသားစုကို အချိန်ပေးလိုက် လုပ်ဖြစ်နေတယ်လို့ ပြေတီဦးက ဆက်လက်ပြောပြလာပါတယ်။

‘’ ဂေါက်ရိုက်တဲ့ အချိန်ကလွဲရင် အိမ်မှာ ရှိတယ်လေ။ အခုမှ မိသားစုနဲ့ အတူတူနေရတဲ့အချိန်က ပိုကိုများလာတာလေ။ အရင်တုန်းကကျတော့ ဦးတီတို့က တစ်ကားပြီးတစ်ကား ရုပ်ရှင်ရိုက်၊ တင်းနစ် ရိုက်တာဆိုရင် နေရတာ နည်းတောင်နည်းသေးတယ်။ အခုကျတော့ ဦးတီအလုပ်လုပ်တဲ့အချိန်က အိမ်မှာပဲ စာရေးနေတာဆိုတော့ ကလေးတွေနဲ့လည်း ပိုနေချိန်ရတယ်’’ လို့ ဆိုပါတယ်။

Photo: Amazaing

အကယ်ဒမီ အိန္ဒြာကျော်ဇင်ကလည်း ခင်ပွန်းဖြစ်သူ ပြေတီဦးအတွက် ဝမ်းသာဂုဏ်ယူမိတဲ့ အကြောင်းကိုပြောပြလာပါတယ်။ အားကစားမှာ ထူးချွန်လှတဲ့ခင်ပွန်းကိုလည်း အားကျမိတယ်လို့ ဆိုပါတယ်။

‘’ ဘယ်လိုပြောရမလဲဆိုတော့ ဂုဏ်ယူတာပေါ့နော်။ အားကစားနဲ့ပတ်သက်ရင် အစ်မတို့ မလုပ်နိုင်ဘူးလေ။ တော်ရုံတန်ရုံဆို အားကစားကလည်း အရမ်းခက်တာကိုး။ သူ တင်းနစ်ရိုက်တုန်းကဆိုရင် ဘေးကထိုင်တဲ့ ကိုယ်က နေရင်းထိုင်ရင်းနဲ့ မောဟိုက်နေတာ။ Goft ဆိုရင်လည်း အချိန်တိုတိုလေးအတွင်းမှာ ဆုတွေဘာတွေ ရတာဆိုတော့ အားကျတာပေါ့နော်။ ကိုယ်လိုက်လုပ်နိုင်လားဆိုတော့လည်း မလုပ်နိုင်ဘူး’’ လို့ သဘောကျရင်း ဖြေဆိုခဲ့ပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ အခုချိန်မှာတော့ အောင်မြင်တဲ့ အနုပညာရှင်တွေ ဖြစ်လို့နေပါပြီ။ သူတို့ ဇနီးမောင်နှံဟာ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ သမီးကြီးပြေသုဒြာ ကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ ခုနှစ် သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်မိသားစုလေးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က