ဘရာဇီးလ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုရရှိတဲ့ ပထမဆုံးသောအာရှသားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားသမ္မတကိုယ်တိုင် ချိးမြှင့်ခဲ့တဲ့ တိုင်းပြည်ရဲ့ အမြင့်ဆုံးအားကစားဂုဏ်ပြုဆုကို လက်ခံရရှိခဲ့ပြီဖြစ်ပါတယ်။ ဆိုးလ်မြို့မှာ ဆွန်ဟောင်မင်ကို Cheongnyong ဆုတံဆိပ်ကို သမ္မတ Yoon Suk-yeol ကိုယ်တိုင်က အခမ်းအနားနဲ့အတူ တက်ရောက်ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။ 

အဆိုပါဆုဟာ တောင်ကိုရီးယားမှာတော့ အားကစားလောကရဲ့ အကြီးမားဆုံးဂုဏ်သိက္ခာ၊ အမြင့်ဆုံးဂုဏ်ပြုမှုအဖြစ် ပေးအပ်တဲ့ ဆုလည်းဖြစ်တယ်လို့ သိရပါတယ်။ ဆုချီးမြှင့်မှုမတိုင်ခင်မှာလည်း သမ္မတက ဆွန်ဟောင်မင်ရဲ့ အောင်မြင်မှုတွေကို ထုတ်ဖော်ပြောကြားပြီး ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ 

"ဒီဆုက မင်းကိုယ်မင်း မြှုပ်နှံပြီး အသင်းအတွက် တရာသီလုံးမှာ အလုပ်တွေလုပ်ခဲ့ပြီးနောက် မင်းရဲ့စိတ်အားထက်သန်မှုကြောင့် ရရှိလာတဲ့ ရလဒ်လို့ ငါ ယုံကြည်တယ်၊ ဒီဆုက မင်းတယောက်တည်းအတွက် ဂုဏ်ထူးဆောင်မှုတင်မဟုတ်ဘဲ အာရှဘောလုံးအသိုင်းအဝိုင်းတခုလုံးက ဂုဏ်ပြုရမယ့် ဝမ်းမြောက်စရာအချိန်အခါလည်းဖြစ်တယ်" လို့ သမ္မတက ပြောဆိုခဲ့ပါတယ်။ 

ပုံမှန်အားဖြင့် Cheongnyong ဆုတံဆိပ်ကို ယဉ်ကျေးမှုဝန်ကြီးကသာ ပေးအပ်လေ့ရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီတခါမှာတော့ သမ္မတကိုယ်တိုင်က ဆွန်ဟောင်မင်ကို ကိုယ်တိုင်ကိုယ်ကျပေးအပ်ချိးမြှင့်ခဲ့လို့ အားလုံးက အံ့အားသင့်ခဲ့ရတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားဘောလုံးပရိသတ်တွေလည်း ဒီအခမ်းအနားကိုတက်ရောက်ခဲ့ပြီး "ကမ္ဘာ့အဆင့်ကစားသမား ဆွန်ဟောင်မင်ရဲ့ ခေတ်မှာ ငါတို့နေထိုင်တယ်" ဆိုတဲ့ စာတမ်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။ 

ဆွန်ဟောင်မင်ဟာ ကေပေါ့စတားတွေနဲ့ ကျော်ကြားမှုချင်း ယှဉ်ပြိုင်ရလေ့ရှိတဲ့ တောင်ကိုရီးယားမှာ သူ့ရဲ့ ကျော်ကြားမှုဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အောင်မြင်မှုတွေနဲ့အတူ တောင်ကိုရီးယားမှာ ဘောလုံးက ရေပန်းစားသထက်စားလာခဲ့ပြီး စပါးက ပရိသတ်တွေကြားမှာလည်း သဘောကျမှုတွေတိုးပွားနေတယ်လို့ တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က