ချဲလ်ဆီးနဲ့ပွဲက အောင််ပွဲခံဟန်ကို ဝေဖန်ခဲ့တာပါ။

အာဆင်နယ်ကစားသမားဟောင်းကြီး မာတင်ကီအွန်က ချဲလ်ဆီးနဲ့ ယူနိုက်တက်ပွဲက ယူနိုက်တက် ကစားသမား ဂါနာချိုရဲ့ အောင်ပွဲခံဟန်အပေါ် ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက ပါးလ်မားရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးတွေနဲ့အတူ ၄-၃ ဂိုးနဲ့ ယူနိုက်တက်ကို အနိုင်ရရှိခဲ့တာပါ။



ဒီပွဲက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် သွင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့ကြတာလည်း မြင်တွေ့ခဲ့ရပါတယ်။ ပွဲကစားချိန် မိနစ် (၂၀) မပြည့်ခင်မှာတင် ချဲလ်ဆီးအတွက် ဂယ်လာဂါ၊ ပါးလ်မားတို့က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ဂါနာချိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ပြန်လည်ချေပခဲ့ပါတယ်။

အဲ့ဒီနောက် ဒုတိယပိုင်းမှာ ဂါနာချိုက ယူနိုက်တက်အတွက် ၂-၃ ဂိုးနဲ့ ဦးဆောင်စေမယ့် သွင်းဂိုးကို ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့ပါတယ်။ ဒီလိုမျိုး သွင်းယူပေးတဲ့နောက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဂါနာချိုက ကွင်းဘေးရှိ ကြော်ငြာဆိုင်းဘုတ်ပေါ်ထိုင်ကာ ရော်နယ်ဒိုစတိုင်နဲ့ အောင်ပွဲခံခဲ့ပါသေးတယ်။

ဒီလိုမျိုး အောင်ပွဲခံဟန်နဲ့ ပတ်သက်လို့ မာတင်ကီအွန်က “လူတွေက အာဆင်နယ်ကို အလွန်အကျူးအောင်ပွဲခံတယ်ဆိုပြီး ပြောနေကြပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကရော ဘာတွေလုပ်နေလဲ?​ လူတိုင်းက သွင်းဂိုးတွေအတွက် အောင်ပွဲခံနေကြတာပဲလေ။ ကျွန်တော်ကတော့ မဟုတ်ပါဘူး”

“ကျွန်တော်သာဆိုရင် ကိုယ့်နေရာကိုယ် ပြန်သွင်းပြီး ခံစစ်အတွက် ဘာလုပ်ရမလဲ စဉ်းစားနေမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဂါနာချိုက ဒီလိုမျိုး အောင်ပွဲခံခဲ့ပေမယ့် ပွဲပြီးခါနီး မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၁၀) မိနစ်နဲ့ (၁၁) မိနစ်မှာ ပါးလ်မားက ချဲလ်ဆီးအတွက် နှစ်ဂိုးဆက်တိုက် သွင်းယူပြီး ယူနိုက်တက်တို့ ၄-၃ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က