လက်ရွေးစင်အသင်းမှာမပါတဲ့သူတွေနဲ့ လေ့ကျင့်မှုတွေလုပ်မယ် ထင်ခဲ့ကြတာပါ။

မန်စီးတီးကို ၂-၀ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့နောက် နိုင်ငံတကာပွဲတွေကစားဖို့ရှိလာချိန်မှာ ဆိုးလ်ရှားက အခုလိုဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ ရလဒ်တွေဆိုးရွားနေတဲ့ကြားကမှ အားလပ်ရက်သတ်မှတ်ပြီး ကိုယ်တိုင်လည်း နော်ဝေကို ပြန်သွားခဲ့တဲ့ ဆိုးလ်ရှားရဲ့ လုပ်ရပ်အပေါ် တော်တော်လေးအံ့အားသင့်နေတယ်လို့ သိရပါတယ်။ မန်စီးတီးကို ၂-၀ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့နောက် နိုင်ငံတကာပွဲတွေကစားဖို့ရှိလာချိန်မှာ ဆိုးလ်ရှားက အခုလိုဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ 



ဘစ်စ်ကာ၊ ဂရင်း၀ုဒ် နဲ့ ဗန်ဒီဘိခ်တို့လို ကစားသမားတွေဟာ လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရဘဲရှိနေခဲ့ပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းရမယ်လို့ မျှော်လင့်နေခဲ့ကြပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့တဲ့အခြေအနေကြောင့် ဆိုးလ်ရှားက အသင်းကို ပြင်ဆင်ဖို့အတွက် အားစိုက်မယ်ထင်မှတ်ထားခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် နည်းပြဆိုးလ်ရှားကတော့ အားလပ်ရက်သတ်မှတ်ခဲ့ပြီး သူကိုယ်တိုင်လည်း နော်ဝေကို မိသားစုနဲ့အတူ ပြန်သွားခဲ့ပါတယ်။ ဒီလိုဆုံးဖြတ်ခဲ့မှုက ကစားသမားတွေကို အကြီးအကျယ်အံ့အားသင့်စေခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပြီး ဖိအားတွေအကြီးအကျယ်ရှိနေပြီး ကိုယ်တိုင်လည်း နည်းပြထိုင်ခုံလှုပ်နေချိန်မှာ ဆိုးလ်ရှားရဲ့ စိတ်သဘာ၀ကို ခန့်မှန်းရခက်စေခဲ့ပြီဖြစ်ပါတယ်။ 

လက်ရှိမှာ ဆိုးလ်ရှားရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရီယိုဖာဒီနန်နဲ့ ဂယ်ရီနဗီးလ်တို့က အသင်းကို အပြင်းအထန်ဝေဖန်နေကြပြီး ဖာဒီနန်ကဆိုရင် ရာထူးကထွက်သင့်နေပြီလို့တောင် လူသိရှင်ကြားပြောဆိုခဲ့ပါတယ်။ ကစားသမားတွေကြားမှာလည်း ဆိုးလ်ရှားအပေါ် ယုံကြည်မှုနည်းပါးလာနေတယ်လို့ သိရကာ နော်ဝေသားအားထားရတဲ့ ကွင်းလယ်လူဖာနန်ဒက်စ်ကိုယ်တိုင်က နည်းစနစ်ပိုင်းအားနည်းချက်တွေကို အလိုမကျတော့ဘူးလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ 

Share

က္က