ချဲလ်ဆီးတို့အတွက် နစ်နာတဲ့အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့တိုက်စစ်မှူးဟောင်း လူကာကူကို အင်တာမီလန်ကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူဖို့အတွက် ကစားသမား (၉) ယောက်အထိ ရင်းနှီးပစ်ခဲ့ရတယ်လို့ သိရှိရပါတယ်။ အသက် (၂၉) နှစ်အရွယ် လူကာကူအတွက် ချဲလ်ဆီးတို့ ပြောင်းရွှေ့ကြေး ပေါင် (၉၇.၅) သန်း အသုံးပြုခဲ့ရတာပါ။



ချဲလ်ဆီးပရိသတ်တွေကလည်း လူကာကူဟာ မန်စီးတီး၊ လီဗာပူးတို့ကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်စေမယ့် ဂျစ်ဆောလေးတခုအဖြစ် အမွှန်းတင်ခဲ့ကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ လူကာကူက အကြီးအကျယ် ဒုက္ခပေးသွားခဲ့ပြီး အခုနွေရာသီမှာ အသင်းဟောင်း အင်တာမီလန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါပြီ။

ပိုဆိုးတာက ချဲလ်ဆီးဟာ အသင်းရဲ့ကစားသမား (၉) ယောက်အထိ ရောင်းထုတ်ပြီး လူကာကူကို ခေါ်ယူခဲ့ရတာပါ။ ဒီအထဲမှာ အေဘရာဟမ်၊ တိုမိုရီ၊ ဂွီဟီတို့လို ကြယ်ပွင့်တွေလည်း ပါဝင်ခဲ့ပါတယ်။ အေဘရာဟမ်ဟာ ရိုးမားမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး လက်ရှိအချိန်မှာ ပေါင်သန်း (၆၀) တန်ကြေးရှိ ကစားသမားတယောက်အဖြစ် ချဲလ်ဆီးရဲ့မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ စိတ်ဝင်စားခြင်းကိုပါ ခံနေရပါပြီ။

အေဘရာဟမ်က ရိုးမားနဲ့အတူ ယူရိုပါကွန်ဖရင့်လိဂ်၊ တိုမိုရီကလည်း အေစီမီလန်နဲ့အတူ စီးရီးအေချန်ပီယံဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂွီဟီကလည်း ခရစ္စတယ်ပဲလေ့စ်မှာ ပြသခဲ့တဲ့ခြေစွမ်းကြောင့် လက်ရှိ အင်္ဂလန်လက်ရွေးစင်မှာ ရွေးချယ်ခံနေရပြီး လစ်ဗရာမန်တိုကလည်း ပရီးမီးယားလိဂ်ရဲ့ အတောက်ပဆုံးကြယ်ပွင့်တွေထဲက တယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အခြားသော ကစားသမားတွေကတော့ စီးရီးအေချန်ပီယံ အေစီမီလန်အတွက် ဂိုးသွင်းခြေစွမ်းပြခဲ့တဲ့ ဂျရူး၊ မော့ဆက်စ်၊ အကီအက်ဘို၊ လူးဝစ်ဘာတေ နဲ့ ဆီမီယူတို့ကို လက်လွှတ်ခဲ့ရတာပါ။ ဂျရူး၊ အေဘရာဟမ်၊ တိုမိုရီ၊ ဂွီဟီ၊ လစ်ဗရာမန်တိုတို့ကတော့ လူကာကူအတွက် ချဲလ်ဆီးတို့ ဆုံးရှုံးမှုပိုမိုကြီးမားခဲ့တဲ့ ကစားသမားတွေလို့ ပြောရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က