မနေ့ကမှ အင်္ဂလန်အသင်းမှာ အရွေးခံလိုက်ရတာပါ။

ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ကွင်းလယ်ကြယ်ပွင့်လေး ကိုဘီမိုင်နူးဟာ မနေ့က အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံလိုက်ရပါတယ်။ ဒါဟာ သူ့အတွက် အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ပထမဆုံးရွေးချယ်ခံရတာလည်း ဖြစ်ပါတယ်။



အစပိုင်းမှာတော့ ဒီကစားသမားလေးက လက်ရွေးစင်အသင်းကြီး လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ယူ-၂၁ အသင်းမှာသာ ပါဝင်ခဲ့တာဖြစ်ပြီး​ ဒီလိုမျိုး မိုင်နူးကို ချန်လှပ်ခဲ့တဲ့အပေါ် အင်္ဂလန်ပရိသတ်တွေကလည်း ဆောက်ဂိတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ မိုင်နူးက အင်္ဂလန်လက်ရွေးစင်အသင်းမှာ ထပ်တိုးအနေနဲ့ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီလိုမျိုး ရွေးချယ်ခံရတဲ့အကြောင်း အသိပေးအကြောင်းကြားခံရချိန်မှာလည်း အများနဲ့မတူတဲ့ ပုံစံတစ်မျိုးနဲ့ သိရှိခဲ့ရကြောင်း မိုင်နူးက ဖွင့်ဟပြောကြားခဲ့ပါတယ်။

မိုင်နူးက “ဟုတ်ပါတယ်။ အတော်လေး ကွဲပြားခြားနားပါတယ်။ ကျွန်တော့်ကို ယူ-၂၁ အသင်းမှာပဲ ရွေးချယ်ခဲ့တာပါ။ နောက်တော့ လက်ရွေးစင်အသင်းကြီးရဲ့ လက်ထောက်နည်းပြ စတိဗ်ဟော်လန်းက ကျွန်တော့်ဆီကို မက်ဆေ့ချ်ပို့ပါတယ်။ သူနဲ့ Reception မှာ လာတွေ့ဖို့ ဆိုပြီးတော့ပေါ့။ နောက်တော့ ကျွန်တော့်ကို ရွေးလိုက်ကြောင်း ပြောပါတယ်”

“ကျွန်တော် အခုချိန်အထိ ဒီဖြစ်ရပ်အတွက် စိတ်လှုပ်ရှားနေဆဲပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ပုံမှန်အားဖြင့် အင်္ဂလန်ကစားသမားတွေဟာ လက်ရွေးစင်အသင်းကြီးအတွက် အရွေးခံရရင် အခုလိုမျိုး လူချင်းတိုက်ရိုက် အသိပေးအကြောင်းကြားတာမျိုး မရှိဘဲ မိုင်နူးအလှည့်ကျမှသာ ထူးထူးဆန်းဆန်းအနေနဲ့ ဒီလိုမျိုး ဖြစ်သွားခဲ့တာပါ။

Share

Loading Next Article...
က္က