မော်ရင်ဟိုရဲ့ ကစားကွက်က ရှက်စရာကောင်းတယ်လို့ ပြောကြားခဲ့တာပါ။

အီတလီရဲ့ နာမည်ကျော် တိုက်စစ်မှူးဟောင်းကြီး ကာဆာနိုကတော့ သူ့ရဲ့ ထုံးစံအတိုင်း မော်ရင်ဟိုကို ထပ်မံ ထိုးနှက်လိုက်ပြန်ပါတယ်။ ကာဆာနိုဟာ အရင်ကတည်းက မော်ရင်ဟိုကို မျက်မုန်းကျိုးနေသူတစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလို ဝေဖန်တိုက်ခိုက်ခဲ့တာပါ။



လက်ရှိ ဘောလုံးရာသီ စီးရီးအေ (၃) ပွဲ ကစားပြီးချိန်မှာလည်း မော်ရင်ဟိုရဲ့ ရိုးမားက ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ‌ရိုးမားဟာ ဆလာနီတာနာ၊ ဗီရိုနာ၊ အေစီမီလန်တို့နဲ့ပွဲတွေမှာ နိုင်ပွဲ တစ်ပွဲမှ မရရှိခဲ့ဘဲ (၁) ပွဲသရေ၊ (၂) ပွဲ ရှုံးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကာဆာနိုက “ကျွန်တော့်အနေနဲ့ မဟုတ်တာတွေ လျှောက်ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ထဲရှိသလို ပြောနေတာဖြစ်ပြီး လူတွေက ဒါကို မသိပါဘူး။ သူတို့ ကျွန်တော့်ကို မော်ရင်ဟိုအပေါ် ဝေဖန်တာနဲ့ ပတ်သက်လို့ (၂) နှစ်လောက်ကြာအောင် တိုက်ခိုက်နေကြတာပါ။ နောက်ဆုံးဆယ်နှစ်အတွင်းမှာ အဆိုးရွားဆုံးနည်းပြက မော်ရင်ဟိုပါပဲ။ သူက ရိုးမားကို ရှက်ဖို့ကောင်းတဲ့၊ ဂုဏ်ယူစရာမရှိတဲ့ ကစားပုံမျိုးနဲ့ ဖန်တီးနေတာပါ”

“ရိုးမားကစားသမားတွေက အသင်းအတွက် သူတို့ ဝိညာဉ်ကိုတောင် စွန့်လွှတ်ထားကြတာပါ။ ကျွန်တော် ဒါကို ကောင်းကောင်းသိပါတယ်။ မော်ရင်ဟိုက လူတွေရဲ့ သနားမှုကို ရအောင် ယူနေပါတယ်။ မော်ရင်ဟို ရိုးမားကို ရောက်နေတာ နှစ်နှစ်ရှိပါပြီ။ အသင်းကလည်း ငွေတွေ အများကြီး သုံးပြီးပါပြီ။ သူများတွေလိုမျိုး ဒီနှစ်တော့ နည်းနည်းလေးပဲ ခေါ်ရတယ်ဆိုတာမျိုး မရှိပါဘူး”

“ဒါပေမယ့် ဗီရိုနာ၊ ဆလာနီတာနာတို့နဲ့ပွဲတွေမှာ ဘောလုံးနဲ့ ထိုက်တန်တဲ့ ပုံစံမျိုး မရှိခဲ့ပါဘူး။ ဆယ်ယောက်ကျန် အေစီမီလန်ကိုလည်း တော်တော်လေး ကစားလိုက်ရပါတယ်။ ဒီလောက်အထိ ရှက်ဖို့ကောင်းတဲ့ ကစားပုံမျိုးကို ကျွန်တော် မမြင်ဖူးပါဘူး။ ကွင်းထဲ လာကြည့်တဲ့ ပရိသတ်တွေအတွက် ဒါက မထိုက်တန်တဲ့အရာပါ” လို့ ပြစ်တင် ပြောကြားသွားခဲ့ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က